• Follow Us on

Home ဒေါ်လာ ၁၀၇ ဘီလျံအပါအဝင် ယူကရိန်းနိုင်ငံအတွက် ရေရှည်ထောက်ပံ့နိုင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးတိုင်ပင်နေ

ဒေါ်လာ ၁၀၇ ဘီလျံအပါအဝင် ယူကရိန်းနိုင်ငံအတွက် ရေရှည်ထောက်ပံ့နိုင်ရန် နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးတိုင်ပင်နေ

Share this post

နိုင်ငံတကာ၊ ဧပြီ ၃

 

ယူရိုငွေ ဘီလျံ ၁၀၀ (ဒေါ်လာ ၁၀၇ ဘီလျံ) ထောက်ပံ့မယ့် ငါးနှစ်စာ ရန်ပုံငွေ အစီအစဉ်တစ်ရပ်အပါအဝင် ယူ ကရိန်းနိုင်ငံအတွက် ရေရှည်ထောက်ပံံ့မယ့် နည်းလမ်းနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ ဗုဒ္ဓဟူးနေ့ (ဧပြီလ ၃ ရက်နေ့) က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

 

နေတိုးအတွင်းရေးမှူးချုပ် ဂျန်းဆော့တန်းဘာ့ဂျ်တင်ပြခဲ့တဲ့ အဆိုပြုချက်တွေဟာ ရုရှားကျူးကျော်စစ်ကို ခုခံ တိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံအတွက် လက်နက်၊ ခဲယမ်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ရေးအတွက် ပေါင်းစပ်ညှိနှိုင်းရာမှာ အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေအတွက် ပိုပြီး တိုက်ရိုက်ကျတဲ့နည်းလမ်းနဲ့ ပါဝင်ပတ် သက်လာလိမ့်မယ်လို့ သံတမန်တွေက ပြောပါတယ်။

 

မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ခေါ် နေတိုးအဖွဲ့ရဲ့ ၇၅ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားငကျင်းပနေတဲ့ ဘရပ်ဆဲလ်မြို့က နှစ်ရက်ကြာအစည်းအဝေးမှာ အဲဒီအစီအစဉ်တွေကို ဆွေးနွေးသွားမှာဖြစ်သလို ဇူလိုင်လမှာ ဝါရှင်တန်မှာကျင်းပမယ့် နေတိုးအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေအစည်းအဝေးအတွက်လည်း ကြိုတင်ပြင်ဆင် သွားမှာဖြစ်ပါတယ်။

 

အမေရိကန်ကွန်ဂရက်လွှတ်တော်ထဲမှာ ဒေါ်လာ ဘီလျံ ၆၀ ခန့် ဆိုင်းငံ့ခံထားရတဲ့အချိန်မှာ ယူကရိန်းနိုင်ငံအ တွက် ဥရောပမဟာမိတ်နိုင်ငံတွေက ဆက်လက်ထောက်ပံ့ဖို့ ဘယ်လောက်ဆန္ဒရှိသလဲဆိုတာကို အခုအစည်း အဝေးမှာ အဖြေရှာသွားမှာဖြစ်ပါတယ်။

 

အစီအစဉ်တွေအရ နေတိုးအဖွဲ့ဟာ ဒေါ်နယ်ထရမ့်အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာခဲ့ရင် ဖြတ်တောက်ခံ ရမယ့် ဘတ်ဂျက်အစီအစဉ်တွေကို တစ်စိတ်တစ်ပိုင်းအကာအကွယ်ပေးဖို့အတွက် ဖွဲ့စည်းတည်ဆောက်ထား တဲ့ ရမ်းစတိန်းအုပ်စုအဖြစ် အမေရိကန်ဦးဆောင်တဲ့ အရေးပေါ်ညွှန့်ပေါင်းအဖွဲ့ထံက ပေါင်းစပ်ညှိနှိုင်းမှုကို လက် ခံရယူသွားမျာဖြစ်ပါတယ်။

 

စစ်ပွဲမှာ တိုက်ရိုက်ပါဝင်ပတ်သတ်တာဟာ ရုရှားနဲ့ တင်းမာမှုတွေ ပိုမိုဖြစ်လာမှာ စိုးရိမ်တဲ့အတွက် လက်ရှိအ ချိန်အထိ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ နေတိုးအဖွဲ့ဟာ ယူကရိန်းနိုင်ငံအတွက် သေကြေပျက်စီးမှုမရှိတဲ့အကူ အညီတွေကို အဓိကအာရုံစိုက်ကူညီခဲ့ပါတယ်။

 

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နှစ်နိုင်ငံအခြေခံလိုအပ်ချက်တွေပေါ်မူတည်ပြီး လက်နက်ခဲယမ်းတွေ ဝယ်ယူရာမှာ ဒေါ်လာဘီလျံနဲ့ချီပြီး ထောက်ပံ့ခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံကို ပိုမိုတောင့်ခံထားနိုင်တဲ့ အခြေအနေရောက်အောင် ထောက်ပံ့ရမယ့်အချိန် ရောက်နေပြီဖြစ်ပြီး နေတိုးအဖွဲ့ဟာ အဲဒီအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ အကောင်းဆုံးအဖွဲ့ဖြစ်တယ်လို့ နေတိုးအဖွဲ့အတွင်း ရှုမြင်နေကြကြောင်း သံတမန်တွေက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံကို တင့်ကားတွေနဲ့ တခြားစစ်လက်နက်ပစ္စည်းတွေထောက်ပံ့တာဟာ နေတိုးအဖွဲ့က တင်းမာမှု တွေမြင့်တက်လာအောင်လုပ်ဆောင်နေတာဖြစ်တယ်လို့ မှတ်ယူမှာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ၎င်းတို့ကို လက်တုံ့ပြန်တဲ့အဆင့်အထိ ရောက်လာခြင်းမရှိကြောင်း သံတမန်တချို့က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် မဟာမတ်နိုင်ငံတွေရဲ့အဖွဲ့ဝင်တွေဆီကို လိုအပ်တဲ့တံတားတစ်စင်းအဖြစ် တာဝန်ထမ်း ဆောင်သွားနိုင်မယ့် ဆောင်ရွက်မှုတွေအတွက် နေတိုးအဖွဲ့က စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန် ကြီးအန်တိုနီဘလင်ကန်က အင်္ဂနေ့က ပဲရစ်မြို့မှာ ပြောပါတယ်။

 

Ref: NATO ministers mull 100 billion euro military fund for Ukraine

 

#PeopleMedia


Share this post