• Follow Us on
Latest News

Home ဒေါ်လာ ၁၀၇ သန်းတန်ကြေးရှိ AIM-120C-8 AMRAAM ဒုံးကျည်တွေ ဝယ်ယူဖို့ စပိန်အစိုးရခွင့်ပြု

ဒေါ်လာ ၁၀၇ သန်းတန်ကြေးရှိ AIM-120C-8 AMRAAM ဒုံးကျည်တွေ ဝယ်ယူဖို့ စပိန်အစိုးရခွင့်ပြု

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅

 

စပိန်နို်င်ငံရဲ့ Eurofighter Typhoon ဂျက်တိုက်လေယာဉ်တွေ၊ ဘိုးရင်းကုမ္ပဏီထုတ် FA-18EF Hornet ဂျက် တိုက်လေယာဉ်တွေနဲ့ NASAM လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် AIM-120C-8 AMRAAM ဒုံးကျည် ၆၈ စင်း ဝယ်ယူဖိုှု့ စပိန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။

 

ယူရိုငွေ သန်း ၁၀၀ (ဒေါ်လာ ၁၀၇ သန်း) တန်ကြေးရှိတဲ့ အဲဒီဒုံးကျည်ဝယ်ယူမှုမှာ လေ့ကျင့်ရေးဒုံးကျည် အစင်း ၂၀ နဲ့ လက်နက်စနစ်ထောက်ပံ့ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးအတွက် လော်ဂျစ်စတစ်ဆက်စပ်ပစ္စည်းတွေလည်းပါ ဝင်တယ်လို့ ဆိုပါတယ်။

 

“ဒီဒုံးကျည်တွေပိုင်ဆိုင်မှုဟာ စပိန်နိုင်ငံရဲ့လေကြောင်းနဲ့ အာကာသတပ်နဲ့ ဒီဒုံးကျည်ကိုအသုံးပြုနေတဲ့ စပိန် ကြည်းတပ်က လေယာဉ်တွေနဲ့ လက်နက်စနစ်တွေအတွက် အနိမ့်ဆုံးအရန်လက်နက်တိုက်ကို ပြုပြင်ထိန်းသိမ်း ဖို့နဲ့ အဆင့်မြှင့်တင်ဖို့ အခွင့်ရစေခဲ့တာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေပိုင်ဆိုင်တဲ့အတွက်လည်း စစ်ဆင်ရေးတာဝန် တွေကို အဆင်ပြေချောမွေ့အောင်ဆောင်ရွက်စေနိုင်တဲ့အပြင် တိုက်ခိုက်ရေးစွမ်းရည်တွေကိုလည်း မြှင့်တင်ပေး သွားနိုင်မှာဖြစ်ပါတယ်။” လို့ စပိန်ဝန်ကြီးများကောင်စီကို ရည်ညွှန်းပြီး Janes မီဒီယာက ပြောပါတယ်။

 

၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း AMRAAM AIM-120C-7 ဒုံးကျည် ၉၂ စင်းဝယ်ယူဖို့အတွက် စပိန်အစိုးရက ခွင့်ပြုခဲ့ကြောင်း စပိန် Infodefensa မီဒီယာက ပြောပါတယ်။

 

Raytheon ကုမ္ပဏီထုတ် AIM-120C-8 AMRAAM ဒုံးကျည်မူကွဲတွေဟာ လက်နက်စနစ်စွမ်းရည်တွေမြှင့်တင်ဖို့ အတွက် ဆော့ဖ်ဝဲလ်/ ဟာ့ဒ်ဝဲလ် တွေကို အဆင့်မြှင့်ထားတဲ့ ဒုံးကျည်တွေဖြစ်ပါတယ်။

 

Ref: Spain Approves $107M AMRAAM Missile Purchase for Jets, NASAMS

 

#PeopleMedia


Share this post