• Follow Us on
Latest News

Home ဒေါ်လာ ၁ ဘီလျံ သဘောတူစာချုပ်နဲ့ အမေရိကန်က ဆော်ဒီအာရေးဗီးယားကို စစ်သင်တန်းတွေထောက်ပံ့ သွားမည်

ဒေါ်လာ ၁ ဘီလျံ သဘောတူစာချုပ်နဲ့ အမေရိကန်က ဆော်ဒီအာရေးဗီးယားကို စစ်သင်တန်းတွေထောက်ပံ့ သွားမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၇

 

လက်ရှိခြိမ်းခြောက်မှုတွေနဲ့ အနာဂတ်ခြိမ်းခြောက်မှုတွေကို ကိုင်တွင်ဆောင်ရွက်နိုင်ဖို့အတွက် ၎င်းတို့ရဲ့လေ တပ်ကို လေ့ကျင့်သင်ကြားပေးဖို့ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောတူ ခွင့်ပြုလိုက်ပါတယ်။

 

ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိ နိုင်ငံခြားစစ်ဘက်ဆိုင်ရာအရောင်း (FMS) စာချုပ်ထဲမှာ တော်ဝင်ဆော်ဒီလေတပ် နဲ့ တခြားဆက်စပ်တပ်ဖွဲ့ဝင်တွေအတွက် လေယာဉ်ပျံသန်းမှုလေ့ကျင့်ရေး၊ နည်းပညာလေ့ကျင့်သင်ကြားရေးနဲ့ စစ်ဘက်ဆိုင်ရာ ပညာရေးသင်ကြားမှုတွေပါဝင်တယ်လို့ ဆိုပါတယ်။

 

လေတပ်တပ်ဖွဲ့ဝင်တွေရဲ့ အရည်အသွေးမြှင့်တင်ပေးဖို့အတွက် အမေရိကန်နိုင်ငံက နည်းပညာအထောက်အကူ ပြုအဖွဲ့၊ ကျွမ်းကျင်နည်းပြများနဲ့ အင်္ဂလိပ်စာကျွမ်းကျင်နည်းပြများပဝင်တဲ့ ရွေ့လျားလေ့ကျင့်သင်ကြားရေးအဖွဲ့ တွေကိုလည်း စေလွှတ်သွားမှာဖြစ်ပါတယ်။

 

ဒီသဘောတူစာချုပ်ဟာ ဒေသတွင်းတည်ငြိမ်ရေးအတွက် အဓိကအရေးပါတဲ့အင်အားတစ်ရပ်လို့ ယုံကြည်ထား တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ လုံခြုံရေးမြှင့်တင်ဖို့အတွက် အထောက်အကူပြုသွားမှာဖြစ်ကြောင်း နိုင်ငံခြား စစ်ဘက်ဆိုင်ရာအရောင်း (FMS) စာချုပ် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

စာချုပ်အစိတ်အပိုင်းတစ်ရပ်အဖြစ် လေ့ကျင့်သင်ကြားနိုင်ဖို့ သင်တန်းနည်းပြ ၃၃၉ ဦးကို အမေရိကန်အစိုးရနဲ့ ကန်ထရိုက်စာချုပ်ပါကုမ္ပဏီတွေက စေလွှတ်သွားမှာဖြစ်ပါတယ်။

 

ပျံသန်းလေ့ကျင့်မှုနဲ့ နည်းပညာဆိုင်ရာသင်တန်းတွေအပြင် အမေရိကန်အစိုးရက ကွပ်ကဲကြီးကြပ်မှုကနေ အရပ်သားတွေအသေအပျောက်မရှိအောင် ရှောင်ရှားနည်းအထိ တော်ဝင်ဆော်ဒီလေတပ်အတွက် သင်တန်း အစီအစဉ်အများအပြားထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

အနာဂတ်ကာလပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ရာမှာ ဒီအစီအစဉ်ကတစ်ဆင့် လက်နက်ကိုင်ပဋိပက္ခနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းတွေကိုလည်း သင်ကြားပို့ချသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် သဘောတူစာချုပ်အရ ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးသင်တန်း၊ သဏ္ဍန်တူပစ္စည်းတွေနဲ့ တခြား ဆက်စပ်ပစ္စည်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

အပြီးသတ်ဆုံးဖြတ်ချက်ချပြီးတဲ့အချိန်မှာ ဘက်စုံသင်တန်းတွေပါဝင်တဲ့ ဒီအစီအစဉ်ဟာ တော်ဝင်ဆော်ဒီလေ တပ်နဲ့ အမေရိကန်တို့ကြား စစ်ဘက်ဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒီအစီအစဉ်ဟာ အရည်အသွေးမြင့်မားလာတဲ့ တော်ဝင်ဆော်ဒီလေတပ်ကတစ်ဆင့် ဒေသတွင်း လုံခြုံရေးအခြေ အနေကို မြှင့်တင်ရာမှာလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံကို အထောက်အကူပြုသွားမှာဖြစ်ပါတယ်။

 

အမေရိကန်အစိုးရက ဆော်ဒီအာရေးဗီးယားနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ပြန်လည်ရောင်းချပေးဖို့ စဉ်းစား နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ အခုနောက်ဆုံး သင်တန်းသဘောတူညီချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံဟာ အမေရိကန်ကကြားဝင်စေ့စပ်ထားတဲ့ ယီမင်နိုင်ငံနဲ့ အပစ်အခတ်ရပ်စဲရေးအစီ အစဉ်ကို လိုက်နာခဲ့တာ နှစ်နှစ်ကြာပြီဖြစ်ပြီး လက်ရှိအချိန်မှာ အမေရိကန်က ၎င်းရဲ့မိတ်ဆွေနိုင်ငံကို အခွင့်အ လမ်းပေးဖို့တာဝန်ရှိတယ်လို့ ဆိုပါတယ်။

 

Ref: US to Provide Military Training to Saudi Arabia under $1B Deal

 

#PeopleMedia


Share this post