• Follow Us on
Latest News

Home ဒေါ်လာ ၁.၆ ဘီလျံကို ယူကရိန်းထုတ်စစ်လက်နက်ပစ္စည်းတွေဝယ်ယူရေး သုံးစွဲသွားမှာဖြစ်တယ်လို့ဆို

ဒေါ်လာ ၁.၆ ဘီလျံကို ယူကရိန်းထုတ်စစ်လက်နက်ပစ္စည်းတွေဝယ်ယူရေး သုံးစွဲသွားမှာဖြစ်တယ်လို့ဆို

Share this post

နိုင်ငံတကာ၊ ဧပြီ ၃၀

 

မကြာသေးခင်ကထောက်ပံ့လိုက်တဲ့ အမေရိကန်အကူအညီထဲက ဒေါ်လာ ၁.၆ ဘီလျံကို ယူကရိန်းနိုင်ငံထုတ် လက်နက်တွေကို ဝယ်ယူသွားမှာဖြစ်ကြောင်း ယူကရိန်းထိပ်တန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ဒေါ်လာ ၆၁ ဘီလျံထဲမှာ ယူကရိန်းကိုတင်ပို့လိုက်တဲ့ အမေရိကန်စစ်လက်နက်ပစ္စည်းတွေကို ပြန်လည်ဖြည့် တင်းဖို့အတွက် ဒေါ်လာ ၂၃ ဘီလျံနဲ့ ယူကရိန်းအတွက် စစ်လက်နက်တွေထပ်မံဝယ်ယူဖို့ ခွင့်ပြုထားတဲ့ ယူက ရိန်းလုံခြုံရေးအထောက်အပံ့အစီအစဉ် (USAI) အတွက် ဒေါ်လာ ၁၄ ဘီလျံလည်း ပါဝင်ပါတယ်။

 

USAI အစီအစဉ်အရ စစ်လက်နက်ပစ္စည်းတချို့ကို အမေရိကန်ကုမ္ပဏီမဟုတ်တဲ့ အဖွဲ့အစည်းတွေထံက ဝယ် ယူသွားမှာဖြစ်ကြောင်း နိုင်ငံခြားရေးမူဝါဒနဲ့ လွှတ်တော်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ အာဆန်းနီပွတ်ရှ်ကာရမ်ကိုက ပြောပါတယ်။

 

“ဒါဟာ ဒီကနေ့အချိန်မှာ အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီအစီအစဉ်က လုံခြုံရေး အကြောင်းအရာတွေကို ထည့်သွင်းစဉ်းစားပြီး ယူကရိန်းနိုင်ငံထဲမှာ ဒါမှမဟုတ် အိမ်နီးချင်းနိုင်ငံတွေမှာ အခြေချ ထားမယ့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးပူးပေါင်း ဆောင်ရွက်မှု ဖန်တီးမယ့်ကိစ္စဖြစ်လို့ပါပဲ။” လို့ ပွတ်ရှ်ကာ ရမ်ကိုက ပြောပါတယ်။

 

“ဒါဟာ ယူကရိန်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကြောင်းအရာတွေထဲက အချက်တစ်ချက်ပါပဲ။ ဒီကနေ့အချိန်မျာ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေကို တိုက်ပွဲတွေမှာ စမ်းသပ်နေ တာဖြစ်ပါတယ်။ အဲဒီစမ်းသပ်မှုတွေကတစ်ဆင့် ကျွန်တော်တို့ စစ်လက်နက်ပစ္စည်းတွေဟာ ကမ္ဘာတစ်ဝန်း နိုင်ငံ အများအပြားကို ဆွဲဆောင်နေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ယူကရိန်းထုတ်စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် နိုင်ငံတကာရန်ပုံငွေရှာဖွေရေး အဖွဲ့ကတစ်ဆင့် ပြည်ပနိုင်ငံတွေက ဒေါ်လာ ၁၀ ဘီလျံကို အစောပိုင်းက ရှာဖွေခဲ့ပြီးဖြစ်ပါတယ်။

 

ဒိန်းမတ်နိုင်ငံဟာ အဲဒီအစီအစဉ်အတွက် ပထမဦးဆုံး ဒေါ်လာ ၂၈.၅ သန်းကို ထောက်ပံ့ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုဟာ ယူကရိန်းကို ကူညီဖို့ ဒိန်းမတ်အစိုးရက ကြေညာထားတဲ့ ယူရိုငွေ သန်း ၃၀၀ (ဒေါ်လာ ၃၂၁ သန်း) ထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

ဗြိတိန်၊ နယ်သာလန်နဲ့ လတ်ဗီးယားအပါအဝင် နောက်ထပ်တခြားနိုင်ငံတွေကလည်း ဒိန်းမတ်နည်းတူ ယူက ရိန်းကို ကူညီဖို့ ဆောင်ရွက်နေကြတယ်လို့ ယူကရိန်းမီဒီယာ Militarnyi က ပြောပါတယ်။

 

အဲဒီအကူအညီထဲက ဒေါ်လာ ၁.၄၇ ဘီလျံကိုလည်း ပြည်တွင်းထုတ်စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဘတ်ဂျက်ခွဲဝေခဲ့ကြောင်း Militarnyi မီဒီယာက ပြောပါတယ်။

 

Ref: US to Buy $1.6B in Ukrainian-Made Weapons for Ukraine

 

#PeopleMedia


Share this post