• Follow Us on
Latest News

Home ဒေါ်လာ ၂.၅ ဘီလျံတန် အမေရိကန်ထုတ် စစ်မြေပြင်အမိန့်ပေးကွပ်ကွဲမှုစနစ်တစ်စုံ ပိုလန်ဝယ်ယူမည်

ဒေါ်လာ ၂.၅ ဘီလျံတန် အမေရိကန်ထုတ် စစ်မြေပြင်အမိန့်ပေးကွပ်ကွဲမှုစနစ်တစ်စုံ ပိုလန်ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ မတ် ၁

 

ပိုလန်နိုင်ငံဟာ ဒေါ်လာ ၂.၅ ဘီလျံတန်ကြေးရှိ ဘက်စုံပေါင်းစည်းထားတဲ့ စစ်မြေပြင်အမိန့်ပေးကွပ်ကွဲမှုစနစ် (integrated battle command system -IBCS) တစ်ခု ဝယ်ယူဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ သ ဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၂၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ယူကရိန်းစစ်ပွဲကြောင့် စိုးရိမ်ပူပန်မှုတွေမြင့်တက်လာတဲ့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေဟာ မကြာသေးခင်ကာလအတွင်း အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံက အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ဝယ်ယူခဲ့ကြပါတယ်။

 

ပိုလန်နိုင်ငံဟာ လက်ရှိအချိန်မှာ စစ်ရေးအသုံးစရိတ်ကို GDP ရဲ့ လေးရာခိုင်နှုန်းအထိ အသုံးပြုနေပြီး အဲဒီပမာ ဏဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွကြားထဲမှာ အမြင့်ဆုံးသုံးတဲ့ပမာဏဖြစ်ပါတယ်။

 

“ပိုလန်ကြည်းတပ်ဟာ လေကြောင်းရန်နဲ့ ဒုံးကျည်ရန်တွေကို ကာကွယ်ဖို့အတွက် စစ်ဆင်ရေးဦးနှောက်တစ်စုံ (သတင်းအချက်အလက်ထောက်လှမ်းရေးပစ္စည်း) ကို ရရှိပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။” လို့ ပိုလန်ကာကွယ်ရေး ဝန်ကြီး ဝါဒစ်ဆွပ်ကော့ရှီညက်ခါမက်ဇ်က အမေရိကန်သံအမတ်နဲ့ ယှဉ်တွဲရပ်နေရင်း ပြောပါတယ်။

 

“ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး ဘက်စုံပေါင်းစည်းထားတဲ့ စစ်မြေပြင်အမိန့်ပေးကွပ်ကွဲမှုစနစ်ကို ပိုင်ဆိုင်ခွင့်ရရှိ တာဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ပိုလန်နိုင်ငံက ဒုတိယမြောက်နိုင်ငံဖြစ်ပါလိမ့်မယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ဒီသဘောတူစာချုပ်ရဲ့ အရေးပါမှုကို အမေရိကန်သံအမတ် မာ့ခ်ဘရီဇင်စကီးကလည်း X လူမှုကွန်ရက်ပေါ်မှာ အလေးပေးရေးသားခဲ့ပါတယ်။

 

“လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးကျည်ကာကွယ်ရေး ဘယ်လောက်အရေးကြီးတယ်ဆိုတာ ယူကရိန်းစစ်ပွဲမှာ ကျွန်တော်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြရပြီးပါပြီ။ အကောင်းဆုံး၊ အထိရောက်ဆုံး၊ ခေတ်အမီဆုံးဖြစ်တဲ့ ဒီစစ် မြေပြင်အမိန့်ပေးကွပ်ကွဲမှုစနစ်ဟာ နေတိုးအဖွဲ့နယ်မြေတွေကို ကာကွယ်ဖို့အတွက် အထောက်အကူပေးသွားမှာ ပဲဖြစ်ပါတယ်။” လို့ အမေရိကန်သံအမတ်က X မှာ ပိုလန်ဘာသာစကားနဲ့ ရေးသားထားပါတယ်။

 

ပိုလန်နိုင်ငံဟာ ဘက်စုံပေါင်းစည်းထားတဲ့ စစ်မြေပြင်အမိန့်ပေးကွပ်ကွဲမှုစနစ်ကို ၂၀၃၁ ခုနှစ်မှာ လက်ခံရရှိသွား မှာဖြစ်ပါတယ်။

 

Ref: Poland Buys $2.5-Billion US Battle Command System

 

#PeopleMedia


Share this post