• Follow Us on
Latest News

Home ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် နေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလျံဖြင့် လေလံတင်ရောင်းချမည်ဟု သတင်းထွက်နေ

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် နေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလျံဖြင့် လေလံတင်ရောင်းချမည်ဟု သတင်းထွက်နေ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၅

 

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ် ခြံနံပါတ် ၅၄ ကို ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်းကျပ်(ကျပ်ငွေ ၃၁၅ ဘီလျံ)ဖြင့် လေလံတင်ရောင်းချမည် ဖြစ်ကြောင်း သတင်းများ ထွက်နေလျက်ရှိသည်။

 

၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်တွင် ခြံနံပါတ် ၅၄ ကို အဆိုပါ နေအိမ်ရှေ့တွင် လေလံတင် ရောင်းချမှုလုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့၊ ကမာရွတ်ခရိုင်တရားရုံးက ယနေ့တွင် အမိန့်ချလိုက်ကြောင်း ပြည်ပအခြေစိုက်မီဒီယာ တစ်ခုတွင် ဖော်ပြထားသည်။

 

ခြံနံပါတ် ၅၄ နေအိမ်နှင့် ခြံကွက်အမွေဆိုင်အမှုနှင့်ပတ်သက်ပြီး သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦးမှ အနိုင် ရရှိပြီးနောက် အထက်ပါအမိန့်ကို ကမာရွတ်ခရိုင်တရားရုံးက ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းများ ထွက် ပေါ်နေလျက်ရှိသည်။

 

#PeopleMedia


Share this post