• Follow Us on
Latest News

Home ဒေးဒရဲမြို့တွင် လက်ဘက်ရည်သောက်ပြီး နေအိမ်သို့ ပြန်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဒေးဒရဲမြို့တွင် လက်ဘက်ရည်သောက်ပြီး နေအိမ်သို့ ပြန်လာသည့် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ လမ်းမတော်လမ်းနှင့် စကားဝါလမ်း ထောင့်တွင် လက် လက်ရည်သောက်ပြီး နေအိမ်သို့ မော်တော်ဆိုင်ကယ်ဖြင့် ပြန်လာသည့် အမျိုးသားတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

စက်တင်ဘာလ ၃၀ ရက် ည ၉:၁၀ အချိန်တွင် ဒေးဒရဲမြို့၊ (၁) ရပ်ကွက်ရှိ “Brother” လက်ဘက်ရည်ဆိုင်မှ လက်ဘက်ရည်သောက်ပြီး ၎င်းနေထိုင်သည့် (၂)ရပ်ကွက်သို့ မော်တော်ဆိုင်ကယ်ဖြင့် တစ်ဦးထဲမောင်းနှင် လာစဉ်အတွင်း လမ်းမတော်လမ်းနှင့် စကားဝါလမ်းထောင့်တွင် PDF များမှ ထိုအမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

 

ထိုပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက် (၅၆) နှစ်အရွယ် ဦးကျော်စိုးဖြစ်ပြီး၊ သေနတ်ပစ်ခတ်ခံရမှုကြောင့် ကျည်ထိဒဏ်ရာ (၇) ချက်ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post