• Follow Us on

Home ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့မျက်နှာချင်းဆိုင်တိုက်မိရာမှ ယာဉ် မောင်း ၁ ဦး သေဆုံး

ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့မျက်နှာချင်းဆိုင်တိုက်မိရာမှ ယာဉ် မောင်း ၁ ဦး သေဆုံး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ-ရန်ကုန်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၄/၃)ကြားတွင် ယနေ့ နံနက် ၆ နာရီ ၄၀ အချိန်က NISSAN အမျိုးအစား(ဖြူနီရောင်) ကုန်တင်ယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့ မျက်နှာ ချင်းဆိုင်တိုက်မိရာမှ ယာဉ်မောင်း ၁ ဦး သေဆုံးသွားကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်ကြောင့် ဆီဘောက်ဆာယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး သေဆုံးနှင့် ယာဉ်နောက်လိုက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)တို့အား ပုဏ္ဏမာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဓနုဖြူမြို့ နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post