ဓာတ်အားခပေးဆောင်ရမည့်ရက်များကို လစဉ် ၁၇ ရက်မှ ၂၅ ရက်နေ့အထိ သတ်မှတ်ထားပြီး ပေးဆောင်ခြင်း မရှိသော ဓာတ်အားသုံးစွဲသူများကို လျှပ်စစ်ဥပဒေအရ ဓာတ်အားဖြတ်မယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တုန့်ပြန်
PUBLISHED - November 5, 2021
ရန်ကုန်၊ နိုဝင်ဘာ ၅ (People Media)
ဓာတ်အားခ နောက်ဆုံးပေးဆောင်ရမည့်ရက်များကို လစဉ် ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ အသီးသီးသတ် မှတ်ပြီး ဓာတ်အားခပေးဆောင်ရမည့်ရက်ထက် ကျော်လွန်၍ ပေးဆောင်ခြင်းမရှိသော ဓာတ်အားသုံးစွဲသူများ ကို လျှပ်စစ်ဥပဒေအရ ဓာတ်အားဖြတ်တောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ပြည်သူများကို လူစုလူဝေးမဖြစ်စေရေး Social Distancing နှင့်အညီ ဓာတ်အားခပေးဆောင်နိုင်ရေးအတွက် နောက်ဆုံးပေးဆောင်ရမည့်ရက်များကို ၁၂/ ၂၀၂၀ လအတွင် ၂၅-၆-၂၀၂၁၊ ၁/ ၂၀၂၁ လအတွက် ၂၅-၅-၂၀၂၁၊ ၂/၂၀၂၁ လအတွက် ၂၅-၆-၂၀၂၁၊ ၃/၂၀၂၁ လအတွက် ၇-၉-၂၀၂၁၊ ၄/၂၀၂၁ လအတွက် ၂၁-၉-၂၀၂၁၊ ၅/ ၂၀၂၁ လအတွက် ၅-၁-၂၀၂၁၊ ၆/ ၂၀၂၁ လအတွက် ၁၉-၁၀-၂၀၂၁၊ ၇/၂၀၂၁လအတွက် ၂-၁၁-၂၀၂၁၊ ၈/၂၀၂၁လအတွက် ၁၆-၁၁-၂၀၂၁နှင့် ၉/၂၀၂၁လအတွက် ၃၀-၁၁-၂၀၂၁ရက်များသို့ အသီးသီးတိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်မှတ်ပေးမှုများအပြင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးရှိ ငွေလက်ခံကောင်တာများသို့ လာရောက်၍ ဓာတ်အားခ ပေးဆောင်ရန် ခက်ခဲသော မြို့နယ်များတွင် ပြည်သူများ ဓာတ်အားခကို အဆင်ပြေချောမွေ့စွာ ပေးဆောင်နိုင်ရေးအတွက် ငွေလက်ခံကောင်တာခွဲများ ထပ်မံဖွင့်လှစ်ပေးခြင်း၊ Mobile ယာဉ်များဖြင့် မြို့တွင်း သို့ လှည့်လည်ပြီး ဓာတ်အားခကောက်ခံပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးခဲ့သော်လည်း ၁၂/၂၀၂၁လ၊ ၁/၂၀၂၁လ၊ ၂/၂၀၂၁လ၊ ၃/၂၀၂၁လ၊ ၄/၂၀၂၁လ၊ ၅/၂၀၂၁လနှင့် ၆/၂၀၂၁လများ၏ ဓာတ်အားခနောက်ဆုံးပေးဆောင်ရမည့်ရက် ၁၉-၁၀-၂၀၂၁ ရက်နေ့ (Last Date) ကျော်လွန်၍ ဓာတ်အားခပေးဆောင်ခြင်းမရှိသည့် မီးသုံးသူ ပြည်သူများကိုသာ လျှပ်စစ်ဥပဒေအရ ဓာတ်အားဖြတ်တောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များရှိ လျှပ်စစ်ဓာတ်အားခပေးသွင်းခြင်းမရှိသည့် နေအိမ်များ၊ အလုပ်ရုံ၊ စက်ရုံများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်မီး ဖြတ်တောက်လျက်ရှိသည်။
#PeopleMedia #လျှပ်စစ်ဓာတ်အားခ #လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
(unicode)
………………………………………………………