• Follow Us on

Home ဓားစာခံစေ့စပ်ညှိနှိုင်းရေးမပါဘဲ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ဟားမတ်စ်ပြော

ဓားစာခံစေ့စပ်ညှိနှိုင်းရေးမပါဘဲ အပစ်အခတ်ရပ်စဲရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ဟားမတ်စ်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

 

အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ၎င်းတို့ဘက်က အသင့်ရှိနေပေမဲ့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေ သရွေ့ ဓားစာခံတွေရဲ့ကံကြမ္မာနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ချက် လုံးဝမရှိကြောင်း ပါလက်စတိုင်း အခြေခံဝါဒီ ဟားမတ်စ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

 

အဲဒီဓားစာခံတွေထဲမှာ နိုင်ငံသားနှစ်ခုခံယူထားသူတွေ အများအပြားပါဝင်ကြောင်း ဟားမတ်စ်အဖွဲ့ကပြောပါ တယ်။

 

ဟားမတ်စ်အဖွဲ့ဟာ အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်အဖွဲ့) နဲ့ အတူတူပဲဖြစ်ကြောင်း၊ အသိဉာဏ်ရှိတဲ့ကမ္ဘာ ကြီးက အိုင်အက်စ်အဖွဲ့ကို အနိုင်ယူတိုက်ခိုက်ခဲ့သလို ဟားမတ်စ်အကြမ်းဖက်အဖွဲ့ကိုလည်း သုတ်သင်ချေမှုန်း သွားဖို့ အစ္စရေးနိုင်ငံက သံန္နိဋ္ဌာန်ချထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက နိုင်ငံကိုပြော ကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အပြီးတိုင်ရှင်းလင်းတော့မှာဖြစ်တယ်လို့ အစ္စရေး စစ်ဦးစီးဌာနအကြီးအကဲ ဟာဇီးဟလက်ဗီက ပြောပါတယ်။

 

တိုက်ပွဲတွေစတင်ဖြစ်ပွားကတည်းက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပါလက်စတိုင်း ၇၀၀ ကျော်သေဆုံးပြီး ၃၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တရားဝင်သတင်းအချက်အလက်ထုတ် ပြန်ချက်အရသိရပါတယ်။

 

အစ္စရေးဘက်မှာလည်း လူဦးရေ ၈၀၀ ဝန်းကျင်သေဆုံးပြီး ၂၇၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သေ ဆုံးသူတွေထဲမှာ အမေရိကန်နိုင်ငံသား ၁၁ ဦး ပါဝင်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။

 

တနင်္လာနေ့ညနေပိုင်းက ရုရှားနိုင်ငံသားတစ်ဦး သေဆုံးခဲ့တာကို အစ္စရေးမှာရှိတဲ့ ရုရှားသံရုံးက အတည်ပြုပေးခဲ့ ပါတယ်။ အစောပိုင်းတုန်းက အစ္စရေးဘက်ကပေးတဲ့သတင်းအချက်အလက်တွေအရ ရုရှားနိုင်ငံသား ၄ ဦး ပျောက်ဆုံးနေကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

 

ဟားမတ်စစ်သွေးကြွတွေဟာ ဓားစာခံ ၁၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အစ္စရေးနိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသက အိုးအိမ်တွေနဲ့ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်လာခဲ့ရင် ဖမ်းမိထားတဲ့အစ္စရေး လူမျိုးတွေကို သတ်ပစ်မယ်လို့ ဟားမတ်စ်အဖွဲ့က ခြိမ်းခြောက်ထားပါတယ်။

 

လက်ဘနွန်ဘက်က အစ္စရေးနိုင်ငံထဲကို အမြောက်တွေနဲ့ပစ်ခတ်ကြောင်း၊ လက်ဘနွန်ဘက်ကနေ လက်နက် ကိုင်ဆောင်ပြီး အစ္စရေးဘက်ကို ကျော်ဝင်လာတဲ့ သေနတ်သမားတွေကို အစ္စရေးတပ်မတော်က သုတ်သင်ရှင်း လင်းခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

 

အိမ်နီးချင်းနိုင်ငံနဲ့ ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနိုင်ငံရဲ့ စိတ်ရှည်သည်းခံမှုကို လာရောက်မစမ်းသပ်သင့်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရုရှားနိုင်ငံသားတွေအနေနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကို ခရီးသွားလာ ခြင်းမပြုဖို့ အကြံပေးထားပါတယ်။

 

ရုရှားလေကြောင်းလိုင်းတွေကိုလည်း လေယာဉ်လက်မှတ်တွေကို အပိုကြေးထပ်မယူဘဲ အပြန်လက်မှတ်တွေ လဲလှယ်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

 

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး မီခေးလ်ဘော့ဒါနော့ဗ်က ပါလက်စတိုင်းသံမတ် အပ်ဒယ်လ်စဟာဖစ်ဇ်နိုဖယ် ကို တနင်္လာနေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။

 

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အက်ဘတ်စ် မော်စကိုမြို့ကို သွားရောက်ဖို့ စီစဉ်ထားကြောင်း ပါလက်စ တိုင်းသံအမတ်ကြီးက ပြောပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အလုံးစုံပိတ်ဆို့ဖို့ ဆုံးဖြတ်ထားတဲ့ အစ္စရေးရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောကြားလိုက်ပြီး စစ်ဆင်ရေးတွေဆောင်ရွက်တဲ့အခါ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ တောင်းဆိုလိုက်ပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဟာ စေ့စပ်ညှိနှိုင်းရေးနည်းလမ်းကနေ “နှစ်နိုင်ငံဖြေရှင်းနည်း” နဲ့ ဖြေရှင်း မှသာလျှင် ဖြစ်လာနိုင်ဖွယ်ရာရှိကြောင်း ဂူတားရက်စ်က ပြောပါတယ်။

 

တူရကီသမ္မတရီဆက်တေယစ်အာဒိုဂန်ကတော့ ၎င်းအနေနဲ့ ကြားဝင်စေ့စပ်ပေးလိုတဲ့ဆန္ဒရှိကြောင်း နိုင်ငံကို ပြောကြားခဲ့တဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားသွားပါတယ်။

 

အာဒိုဂန်အနေနဲ့ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အက်ဘတ်စ်၊ အစ္စရေးသမ္မတ အိုင်းဆက်ဟာဇော့ အပါအ ဝင် လေးငါးနိုင်ငံက ခေါင်းဆောင်တွေနဲ့ တယ်လီဖုန်းကတစ်ဆင့် စကားပြောပြီးကြောင်း ပြောပါတယ်။

 

ပါလက်စတိုင်းနဲ့ပတ်သက်တဲ့ အစ္စရေးနိုင်ငံရဲ့သဘောထားမူဝါဒကိုလည်း အာဒိုဂန်က ဝေဖန်လိုက်ပြီး ၁၉၆၇ ခုနှစ် နယ်စပ်ဒေသသတ်မှတ်ချက်ဘောင်ထဲကအတိုင်း ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို တောင်းဆိုလိုက် ပါတယ်။

 

အစ္စရေးဝန်ကြီးချုပ်နတန်ယာဟုကတော့ ၁၉၆၇ ခုနှစ် ခြောက်ရက်စစ်ပွဲမတိုင်ခင်က ၎င်းတို့ဆောင်ရွက်ခဲ့တဲ့အ တိုင်း “ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေမထားဘဲ” အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းဖို့ အတိုက် အခံခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။

 

အစ္စရေးဒေသခံတွေအနေနဲ့ နောက်ထပ်သုံးရက် ဗုံးခိုကျင်းထဲမှာနေထိုင်ဖို့ လိုအပ်တဲ့အတွက် ရေ၊ စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေကို စုဆောင်းထားဖို့ အစ္စရေးအာဏာပိုင်တွေက အကြံပေးထားပါတယ်။

 

Ref: Hamas ready to discuss ceasefire but not hostages, Israel promises war

 

#PeopleMedia


Share this post