• Follow Us on
Latest News

Home ဓားစာခံတွေပြန်လွှတ်ပေးစေချင်ရင် စစ်ပွဲရပ်ဆိုင်းဖို့ဆိုတဲ့ ဟားမတ်စ်အဖွဲ့တောင်းဆိုမှုကို နတန်ယာဟုပယ်ချ

ဓားစာခံတွေပြန်လွှတ်ပေးစေချင်ရင် စစ်ပွဲရပ်ဆိုင်းဖို့ဆိုတဲ့ ဟားမတ်စ်အဖွဲ့တောင်းဆိုမှုကို နတန်ယာဟုပယ်ချ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂

 

အစ္စရေးတပ်တွေအားလုံး ဂါဇာဒေသက ပြန်လည်ရုပ်သိမ်းပြီး ဂါဇာဒေသကို ဟားမတ်စ်တွေလက်ထဲမှာပဲထားခဲ့ ဖို့အပါအဝင် စစ်ပွဲရပ်ဆိုင်းရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် ဟားမတ်စ်အဖွဲ့ကတောင်းဆိုချက်တွေ ကို အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုက ဇန်နဝါရီလ ၂၁ ရက်နေ့ (တနင်္ဂနွေနေ့) က ပယ်ချလိုက်ပါ တယ်။

 

ဂါဇာတောင်ပိုင်းဒေသကို အစ္စရေးဂျက်တိုက်လေယာဉ်တွေက ထပ်မံဗုံးကြဲတိုက်ခိုက်လာချိန်မှာ အစ္စရေးခေါင်း ဆောင်က စစ်ပွဲရပ်ဆိုင်းဖို့ ငြင်းဆန်လိုက်တာဟာ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးဖို့ အခွင့်အလမ်းမရှိတော့ ဘူးဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ကြောင်း ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် ဆာမီအဘူဇူရီက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။

 

“ကျွန်တော်တို့ရဲ့ ဓားစာခံတွေပြန်လည်လွတ်မြောက်ရေးအတွက် အပေးအယူလုပ်တဲ့နေရာမှာ စစ်ပွဲရပ်ဆိုင်းဖို့၊ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ ဂါဇာဒေသက ပြန်လည်ရုပ်သိမ်းဖို့၊ လူသတ်သမားတွေနဲ့ မုဒိန်းကောင်တွေအားလုံး ကို ပြန်လွှတ်ပေးဖို့ဆိုပြီး တောင်းဆိုခဲ့တယ်။” လို့ နတန်ယာဟုက ထုတ်ပြန်ချက်မှာပြောပါတယ်။

 

“ဟားမတ်မိစ္ဆာဘီလူးတွေကို အရှုံးပေးရမယ့်ပြောဆိုချက်ကို ကျွန်တော်လုံးဝ ပယ်ချလိုက်ပါတယ်။ အဲဒီတောင်း ဆိုချက်တွေကိုသာ ကျွန်တော်တို့သဘောတူလိုက်ရင် ကျွန်တော်တို့တပ်မတော်သားတွေ အချည်းနှီးသေကုန်သ လိုဖြစ်သွားမှာဖြစ်ပြီး နောက်ထပ် အောက်တိုဘာ ၇ ဖြစ်စဉ်တွေ အချိန်မရွေးထပ်ရောက်လာမှာပေါ့။” လို့ ၎င်းက ပြောပါတယ်။

 

ဓားစာခံတွေပြန်လွှတ်ပေးမှာကို အစ္စရေးနိုင်ငံက ကျေးဇူးတင်ပေမဲ့ ဟားမတ်စ်အဖွဲ့ကတောင်းဆိုတဲ့ စည်းကမ်း ချက်တွေဟာ မဖြစ်နိုင်ကြောင်း၊ အောင်ပွဲအတွက် ဘာနဲ့မှ အစားမထိုးနိုင်ကြောင်း၊ အပြီးသတ်အောင်ပွဲရရှိ အောင်တိုက်ခိုက်ခြင်းကသာ ဟားမတ်စ်တွေကို သုတ်သင်နိုင်မှာဖြစ်သလို ဓားစာခံတွေအားလုံး ပြန်လည်လွတ် မြောက်လာမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက အမေရိကန်ပြည်ထောင်စု၊ ကာတာနဲ့ အီဂျစ်နိုင်ငံတို့ရဲ့ ကြားဝင်စေ့စပ်မှု ကြောင့် ဓားစာခံ ၂၄၀ အနက် ဓားစာခံ ၁၀၀ ကျော်ကို ဟားမတ်စ်အဖွဲ့က ပြန်လည်စေလွှတ်ပေးခဲ့သလို အစ္စရေးဘက်ကလည်း အစ္စရေးအကျဉ်းထောင်တွေထဲက ပါလက်စတိုင်းအကျဉ်းသား ၂၄၀ ကို ပြန်လည် စေ လွှတ်ပေးခဲ့ပါတယ်။

 

အဲဒီအချိန်ကတည်းက ဓားစာခံတွေ ပြန်လည်လွတ်မြောက်အောင်ဆောင်ရွက်ဖို့ နတန်ယာဟုကို ဖိအားပေးခံ နေရပါတယ်။ ဂါဇာဒေသက ဟားမတ်စ်တွေလက်ထဲမှာ ဓားစာခံ ၂၇ ဦး သေဆုံးသွားပြီဖြစ်ပြီး ဓားစာခံ ၁၃၂ ဦး ကျန်ရှိနေ သေးကြောင်း၊ ကျန်တဲ့ဓားစာခံတွေထဲက ၁၂၁ ဦးဟာ အစ္စရေးလူမျိုးတွေဖြစ်ပြီး ၁၁ ဦးကတော့ ထိုင်း၊ နီပေါ၊ တန်ဇာနီးယား၊ ပြင်သစ်နဲ့ မက္ကဆီကိုက နိုင်ငံခြားသားတွေဖြစ်ပြီး အားလုံးထဲမှာ အမျိုးသမီး ၁၉ ဦးကျန်ရှိနေ သေးကြောင်း သိရပါတယ်။

 

အောက်တိုဘာလဖြစ်စဉ်ထဲမှာ ဖမ်းဆီးခံရတဲ့ အရပ်သား၊ စစ်သားနဲ့ တခြားပြန်ပေးဆွဲခံရသူအားလုံးကို စွန့်ပစ် ထားခဲ့မှာမဟုတ်ဘူးဆိုတာကို မစ္စတာနတန်ယာဟုအနေနနဲ့ ရှင်းရှင်းလင်းလင်း ကြေညာဖို့လိုအပ်ကြောင်း ဓား စာခံများနဲ့ ပျောက်ဆုံးမိသားစုဝင်များဖိုရမ်က ထုတ်ပြန်ချက်ထဲမှာတောင်းဆိုထားပါတယ်။

 

Ref: Israel’s Netanyahu rejects Hamas conditions for hostage deal which include ‘outright surrender’

 

#PeopleMedia


Share this post