ဓားစာခံတွေ ပြန်လွှတ်ပေးဖို့အတွက် နှစ်လကြာအပစ်အခတ်ရပ်စဲပေးမယ်လို့ အစ္စရေး ကမ်းလှမ်းထား
PUBLISHED - January 23, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃
ဟားမတ်စ်တွေလက်ထဲမှာ ကျန်ရှိနေတဲ့ဓားစာခံတွေ ပြန်လွှတ်ပေးဖို့အတွက် နှစ်လကြာအပစ်အခတ်ရပ်စဲပေး မယ်လို့ အစ္စရေးနိုင်ငံက အဆိုပြုလိုက်ကြောင်း အစ္စရေးအရာရှိတွေက တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အခုကမ်းလှမ်းချက်ဟာ စစ်ပွဲစတင်ကတည်းက အပစ်အခတ်ရပ်စဲရေးကာလအရှည်ကြာဆုံးကမ်းလှမ်းချက်ဖြစ် တယ်လို့ Axios မီဒီယာသတင်းထောက်နဲ့ CNN မီဒီယာဆန်းစစ်လေ့လာသူ ဘာရက်ရာဗစ်က ပြောပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲ/ ဓားစာခံတွေအရေးနဲ့ပတ်သက်ပြီး ဒေါသတကြီးငြင်းခုန်ဆွေးနွေးပြီးနောက် ဟား မတ်စ်တွေထိန်းချုပ်ထားတဲ့ ဓားစာခံ ၁၃၀ ကျော် ပြန်လည်လွတ်မြောက်ရေးအတွက် ကာတာနိုင်ငံနဲ့ အီဂျစ်နိုင်ငံ က စေ့စပ်ညှိနှိုင်းရေးသမားတွေအကူအညီနဲ့ အစီအစဉ်သစ်တစ်ရပ်ကို အစ္စရေးအစိုးရအဖွဲ့က သဘောတူညီခဲ့ တာဖြစ်ကြောင်း အစ္စရေးအရာရှိနှစ်ဦးက Axios မီဒီယာကို ပြောပါတယ်။
ဓားစာခံပြန်လွှတ်ရေးသဘောတူညီချက်မှာ အသက် ၆၀ ကျော် အမျိုးသား/အမျိုးသမီးနဲ့ ကျန်းမာရေးမကောင်း တဲ့သူတွေကို ပထမဦးဆုံး ဦးစားပေးပြန်လွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ဆိုပါတယ်။
နောက်တစ်ဆင့်အနေနဲ့ အစ္စရေးတပ်မတော်နဲ့ မပတ်သက်တဲ့သူတွေကို ပြန်လွှတ်ပေးဖို့ ဖြစ်ပါတယ်။
အဲဒီနှစ်သုတ် ပြန်လွှတ်ပြီးရင် ဟားမတ်စ်တွေအနေနဲ့ အစ္စရေးစစ်သားတွေနဲ့ ထိန်းသိမ်းထားစဉ်ကာလအတွင်း သေဆုံးသွားတဲ့ဓားစာခံတွေရဲ့ အလောင်းတွေကို ပြန်လည်လွှဲပြောင်းပေးဖို့ ဖြစ်တယ်လု့ိ အစ္စရေးအရာရှိတွေက ပြောပါတယ်။
ဓားစာခံတွေပြန်လွှတ်ပေးတဲ့အတွက် အစ္စရေးဘက်ကလည်း အစ္စရေးအကျဉ်းထောင်တွေမှာရှိတဲ့ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးသွားမှာဖြစ်ပါတယ်။
ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနဲ့အတူ ကနဦးသဘောတူညီချက်အရ အစ္စရေးဓားစာခံတစ်ဦးလွှတ်ပေးတဲ့အ တွက် အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၃ ဦး ပြန်လွှတ်ပေးမှာဖြစ်တယ်ဆိုပေမဲ့ အပြီးသတ်သဘော တူညီချက်အတွက် အခက်အခဲတွေရှိသေးတယ်လို့ ဆိုပါတယ်။
အဆိုပြုထားတဲ့အစီအစဉ်ပါ အပစ်အခတ်ရပ်စဲရေးကာလဟာ ယာယီအတွက်သာဖြစ်ပြီး ပါလက်စတိုင်းတွေအိမ် ပြန်နိုင်အောင် အစ္စရေးတပ်တွေကို ဂါဇာကမ်းမြောင်ဒေသက ခဏဖယ်ရှားပေးထားမှာဖြစ်ပေမဲ့ အပြန်အလှန်လဲ လှယ်မှုအစီအစဉ်ပြီးရင် စစ်ပွဲပြန်လည်စတင်မှာဖြစ်ကြောင်း အစ္စရေးအရာရှိတွေက ပြောပါတယ်။
စစ်ပွဲကိုအပြီးတိုင်ရပ်မပေးဘဲ အစ္စရေးတပ်ဖွဲ့ဝင်တွေ ဂါဇာကမ်းမြောင်ဒေသမှာ ဆက်လက်ရှိနေဦးမယ်ဆိုရင် ဓားစာခံတွေကို ပြန်လွှတ်ပေးမှာမဟုတ်ဘူးလို့ ဟားမတ်စ်အဖွဲ့က အစောပိုင်းက ပြောထားပါတယ်။
ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးအတွက် အစ္စရေးဘက်က ဂါဇာစစ်ပွဲကို ရပ်တန့်ပေးမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့ စနေ/တနင်္ဂနွေက ပြောဆိုခဲ့တဲ့ ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုကို ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဆာမီအဘူ ဇူရီက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒါဟာ အစ္စရေးဓားစာခံတွေ ပြန်လည်လွတ်မြောက်ဖို့ အခွင့်အလမ်းလုံးဝမရှိဘူးလို့ အဓိပ္ပာယ်သက်ရောက် ကြောင်း အဆိုပါအကြမ်းဖက်အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
အစ္စရေးဓားစာခံတွေနဲ့ လဲလှယ်ဖို့အတွက် ပါလက်စတိုင်းအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်မျိုးကိုတော့ အခုအဆိုပြုထားတဲ့အစီအစဉ်သစ်က ငြင်းပယ်ထားပါတယ်။
ဟားမတ်စ်အကြမ်းဖက်အဖွဲ့လှုပ်ရှားနိုင်ဖို့ ကာတာနိုင်ငံကနေ ကူညီထောက်ပံ့နေတဲ့ အဓိကခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ခါလက်မာရှယ်ကတော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တစ်စုံတရာမရှိနိုင်ဘူးလို့ဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုဟာ ပထမဦးဆုံးအဆင့်ဖြစ်ပြီး ဟားမတ်စ်တွေရဲ့ ရည်ရွယ်ချက်က အစ္စ ရေးတွေကို အပြီးတိုင်ရှင်းလင်းသုတ်သင်ဖို့ဖြစ်ကြောင်း၊ ဟားမတ်စ်တွေ အနိုင်ရမှသာ စစ်ပွဲပြီးဆုံးမှာဖြစ် ကြောင်း အခုလအစောပိုင်းက ဟားမတ်ထိပ်တန်းခေါင်းဆောင် ခါလက်မာရှယ်က ပြောပါတယ်။
Ref: Israel proposes 2-month truce in exchange for freeing all the hostages: report
#PeopleMedia