ဓားစာခံတွေ သောကြာနေ့မှာ ပြန်လွှတ်မည်၊ မောပန်းနွမ်းနယ်နေတဲ့ ပါလက်စတိုင်းပြည်သူတွေ အပစ်အခတ် ရပ်စဲရေး ကို မျှော်လင့်နေ

PUBLISHED - November 24, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၄
အစ္စရေး-ဟားမတ်စ် ယာယီအပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို သောကြာနေ့ (နိုဝင်ဘာလ ၂၄ ရက်နေ့) မနက် ၇ နာရီမှာစတင်မှာဖြစ်ပြီး ညနေ ၄ နာရီမှာ ဓားစာခံ ၁၃ ဦးပါတဲ့ ပထမဦးဆုံးအဖွဲ့ကို စတင်လွှတ်ပေးမှာဖြစ်တယ် လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့) က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေးဟာ လေးရက်ကြာမှာဖြစ်ပြီး စစ်ပွဲမှာပါဝင်ပတ်သက်နေသူအားလုံး အဲဒီအပစ်အခတ်ရပ်စဲ ရေးသဘောတူညီချက်ပါစည်းကမ်းချက်တွေကို လိုက်နာမယ်လို့ မျှော်လင့်ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
ဂါဇာမှာထိန်းချုပ်ထားတဲ့ ဓားစာခံတွေထဲက သောကြာနေ့မှာ ပထမဦးဆုံးပြန်လွှတ်မယ့်အုပ်စုမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၁၃ ဦး ပါဝင်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာဂျက်အယ်လ်အန်ဆ ရီက ပြောပါတယ်။
တပြိုင်တည်းမှာပဲ အစ္စရေးဘက်ကလည်း သဘောတူညီချက်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် သောကြာနေ့မှာ ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ကြောင်း အစ္စရေးအရာရှိတစ်ဦးက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းက ဒီးယားအယ်လ်ဘာလာမြို့မှာရှိတဲ့ ပါလက်စတိုင်းတွေကတော့ သော ကြာနေ့ အပစ်အခတ်ရပ်စဲရေးမစတင်မီ တိုက်ခိုက်မှုတွေရပ်စဲဖို့ မျှော်လင့်နေကြကြောင်း ပြောပါတယ်။
“ကျွန်မတို့ အပစ်အခတ်ရပ်စဲဖို့ မျှော်လင့်နေပါတယ်။ ကျွန်မတို့ အရမ်းပင်ပန်းနေပါပြီ။ ဂါဇာဒေသက ပြည်သူ တွေ မောပန်းနွမ်းနယ်နေပါပြီ။” လို့ ဂါဇာမြို့ကနေ တောင်ပိုင်းကိုထွက်ပြေးလာတဲ့ ပါလက်စတိုင်းအမျိုးသမီး တစ်ဦးက ပြောပါတယ်။
ပါလက်စတိုင်းအမျိုးသားတစ်ဦးကတော့ ၎င်းအနေနဲ့ ဂါဇာမြို့မြောက်ဘက်မှာရှိတဲ့ အယ်လ်ရှာတီဒုက္ခသည် စ ခန်းကနေ ဒီးယားအယ်လ်ဘာလာမြို့ကိုထွက်ပြေးလာခဲ့ကြောင်း၊ ဆယ့်နှစ်ရာသီစိုးရိမ်ပူပန်နေရတဲ့ဘဝကလွတ် မြောက်ချင်ပြီဖြစ်ကြောင်း CNN ကို ပြောပါတယ်။
“အပစ်အခတ်ရပ်စဲမယ်ဆိုရင် ကျွန်တော်တို့တွေ စိတ်သက်သာရာရတာပေါ့ဗျာ။ အပစ်အခတ်ရပ်စဲမှုဟာ စိတ် ချမ်းသာစရာပါပဲ။” လို့ တခြားပါလက်စတိုင်းတစ်ဦးက ပြောပါတယ်။
လေးရက်ကြာအပစ်အခတ်ရပ်စဲရေးကနေ စစ်ပွဲကို အဆုံးသတ်သွားစေမယ့် ထာဝရအပစ်အခတ်ရပ်စဲရေးအထိ ဆောင်ရွက်နိုင်ပါစေလို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့က စတင်လိုက်တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အစ္စရေးဘက်မှာ ၁၂၀၀ ဝန်း ကျင်သေဆုံးသွားပြီး ၂၃၆ ဦး အဖမ်းခံထားရသလို ဂါဇာကမ်းမြောင်ဒေသမှာလည်း ပါလက်စတိုင်းလူမျိုး ၁၄,၅၀၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။
Ref: Hostage release and Gaza truce to start Friday, Qatar says:NBC and The people of Gaza are tired,” say Palestinians in the shattered enclave ahead of truce: CNN
#PeopleMedia