• Follow Us on

Home ဓားစာခံ ၆ ဦးအလောင်း တွေ့ရှိခဲ့ပြီးနောက် အစ္စရေးနိုင်ငံတစ်ဝန်း အကြီးအကျယ် ဆန္ဒပြ

ဓားစာခံ ၆ ဦးအလောင်း တွေ့ရှိခဲ့ပြီးနောက် အစ္စရေးနိုင်ငံတစ်ဝန်း အကြီးအကျယ် ဆန္ဒပြ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂

 

အစ္စရေးအစိုးရက ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွတ်အောင် မစွမ်းဆောင်နိုင်တဲ့အပြင် ဓားစာခံ ၆ ဦး သေဆုံးသွားပြီးနောက် တနင်္ဂနွေနေ့ (စက်တင်ဘာ ၁) က အစ္စရေးနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ကြီးမားစွာဖြစ်ပွားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့က ဂျေရုဆလမ်၊ တဲလ်ဗစ်နဲ့ တခြားမြို့ကြီးတွေအပါအဝင် အစ္စရေးနိုင်ငံတစ်ဝန်းဆန္ဒပြလူဦးရေ ၅၀၀၀၀၀ အထိ ရှိကြောင်း အစ္စရေးမီဒီယာတွေက ရေးသားထားပါတယ်။

 

ဆန္ဒပြသူတွေဟာ ကျန်ရှိနေသေးတဲ့ ဓားစာခံ ၁၀၁ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် ပိုမိုအားထည့်ဆောင် ရွက်ဖို့ ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုကို တောင်းဆိုခဲ့ပေမဲ့ အဲဒီအရေအတွက်ရဲ့ သုံးပုံတစ်ပုံလောက်ဟာ သေဆုံးသွားခဲ့ပြီလို့ အစ္စရေးအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

 

ဂျေရုဆလမ်မှတော့ ကားလမ်းတွေကို ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေဟာ အစ္စရေးအလံတွေ၊ သေဆုံးသွားတဲ့ ဓားစာခံပုံတွေကို ကိုင်ဆောင်ပြီး ဝန်ကြီးချုပ်ရုံးအပြင်ဘက်မှာ ဆန္ဒပြနေကြပါတယ်။

 

လမ်းတွေပိတ်ဆို့ထားတဲ့ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေပိုက်နဲ့ ရှင်းလင်းနေပြီး ဆန္ဒပြသူ ၂၉ ဦး အဖမ်းခံခဲ့ရ တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

 

အလုပ်သမားခေါင်းဆောင်တွေကတော့ တနင်္လာနေ့ (စက်တင်ဘာ ၂ ရက်နေ့) မှာ တစ်နိုင်ငံလုံး အထွေထွေ သပိတ်ကြီးဆင်နွှဲဖို့ ဆော်သြထားပါတယ်။

 

ဂါဇာတောင်ပိုင်း ရာဖာမြို့က လိုဏ်ခေါင်းတစ်ခုထဲမှာ ဓားစာခံအလောင်းတွေ ပြန်လည်တွေ့ရှိခဲ့တာကို အစ္စရေး စစ်တပ်က ကြေညာခဲ့ပြီး အဲဒီအလောင်းတွေကို အစ္စရေးနိုင်ငံကို ပြန်လည်သယ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ် တပ်ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်လ်ဟက်ဂရီက သတင်းထောက်တွေကို ပြောပါတယ်။

 

၁၁ လကြာစစ်ပွဲကို အဆုံးသတ်ဖိုနဲ့ ဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးဆောင်ရွက်ပေးဖို့ တောင်းဆိုခံနေရ တဲ့ ဝန်ကြီးချုပ်နတန်ယာဟုက “တာဝန်ရှိတဲ့သူတွေကို မဖမ်းမိသေးသရွေ့ အစ္စရေးက စစ်ပွဲကို ရပ်တန့်မှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

 

“ဓားစာခံတွေကို ဘယ်သူပဲသတ်သည်ဖြစ်စေ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ထွက်ပေါ်လာမှာ မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ဓားစာခံတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ပျက်ကွက် ခဲ့တဲ့ အစ္စရေးအစိုးရကို အပြစ်တင်ရမှာဖြစ်ကြောင်း ဟားမတ်စ်ထိပ်တန်းအရာရှိတွေက ပြောပါတယ်။

 

“အစ္စရေးအကျဉ်းသားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး နတန်ယာဟုမှာ တာဝန်ရှိပါတယ်။ အစ္စရေးလူမျိုးတွေဟာ နတန်ယာဟုနဲ့ အပစ်အခတ်ရပ်စဲရေးကို ရွေးချယ်ရမှာဖြစ်ပါတယ်။” လို့ ဟားမတ်စ်ထိပ်တန်း ခေါင်းဆောင် ဆာ မီအဘူဇူရီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမှာ လူဦးရေ ၁၂၀၀ ဝန်း ကျင်သေဆုံးခဲ့သလို အစ္စရေးတို့ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ လူဦးရေ ၄၀၀၀၀ ကျော် သေ ဆုံးသွားပြီဖြစ်ပါတယ်။

 

Ref: Massive protests hit Israel after six hostages killed in Gaza

 

#PeopleMedia


Share this post