• Follow Us on
Latest News

Home ဓားပြတိုက်သူများမှ အိမ်အကူမိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ပြီး ငွေသိန်း ၆၀ နှင့် ရွှေထည်များ ယူ ဆောင်ခြင်းခံရ

ဓားပြတိုက်သူများမှ အိမ်အကူမိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ပြီး ငွေသိန်း ၆၀ နှင့် ရွှေထည်များ ယူ ဆောင်ခြင်းခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

ရှမ်းပြည်နယ်၊ လားရိူးခရိုင်၊ လားရိူးမြို့နယ်၊ မန်အိုင်အုပ်စု၊ မန်အိုင်ရွာရှိ တရုတ်အိမ်တွင် အိမ်အကူလုပ်ကိုင်နေ သည့် မိန်းကလေးငယ်တစ်ဦးကို ဓားပြတိုက်သူများသတ်ဖြတ်ပြီးနောက် နေအိမ်ရှိ ငွေကျပ် သိန်း (၆၀) နှင့် အတူ ရွှေထည်များ ယူဆောင်ခြင်းခံရကြောင်း သိရသည်။

 

စက်တင်ဘာလ ၃ ရက် ည ၈:၃၀ အချိန်တွင် ဓားပြတိုက်သူ အမျိုးသားနှစ်ဦးမှ မန်အိုင်ရွာရှိ တရုတ်အိမ် ခြံစည်း ရိုးအား ကျော်၍ ဝင်လာသည်ကို အိမ်အကူမိန်းကလေးမှ မြင်၍အော်သောကြောင့် ထိုမိန်းကလေးငယ်ကို အသင့်ပါလာသည့် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

 

ထိုဓားဖြင့်ထိုးသတ်ခံရသည့် အမျိုးသမီးငယ်မှာ အသက် (၁၅) နှစ်ရှိပြီး ၎င်းမှာအခင်းနေရာတွင် သေဆုံးပြီး ဓားပြဝင်လာသည်ကို ကြားသည့် အိမ်ရှင်များမှ ၎င်းတို့ကိုမသတ်ရန်ပြောပြီး ထိုဓားပြတိုက်သူများမှ မီးခံ သေတ္တာသော့အားတောင်းပြီး ထိုအထဲတွင်ရှိသည့် ငွေနှင့်ရွှေထည်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post