• Follow Us on

Home ဓားပြလာတိုက်သူကို ပြန်လည်ခုခံသည့် အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ဓားပြလာတိုက်သူကို ပြန်လည်ခုခံသည့် အိမ်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ အ-ထ-က (၂) ဘောလုံးကွင်းအနီးရှိ နေအိမ်တစ်လုံးသို့ ဓားပြလာတိုက်သည့် အမျိုးသားတစ်ဦးကို အိမ်ရှင်အမျိုးသမီးဖြစ်သူမှ ပြန်လည်ခုခံခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၂၄ ရက် ည ၁၀ နာရီအချိန်တွင် နေအိမ်တစ်အိမ်၏ နောက်ဖေးမှ ဓားပြလာတိုက်သည့် အမျိုးသား ဖြစ်သူမှ ဝင်ရောက်လာပြီး ၎င်းဝင်လာသည်ကို မြင်သည့် အိမ်ရှင်အမျိုးသမီးဖြစ်သူမှ ထိုဓားပြလာတိုက်သည့် အမျိုးသား၏ လက်ကိုကိုက်ခဲ့ကြောင်း သိရသည်။

 

ထိုဓားပြလာတိုက်သည့် အမျိုးသားဖြစ်သူမှ အိမ်ရှင်အမျိုးသမီးကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ထိုအချိန်တွင် အိမ်ရှင် အမျိုးသမီး၏ ဆွေမျိုးများက ဓားပြဖြစ်သူကို ပြန်လည်ခုခံရာတွင် ထိုဓားပြအမျိုးသားမှာ ထွက်ပြေးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post