• Follow Us on

Home နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားကျင်းပ

နဂါးနှစ်ကောင်ကျောင်းတိုက်ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားကျင်းပ

Share this post

နေပြည်တော်၊ ဧပြီ ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒ စရိယ အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနသာဓုကီဋ္ဌနပူဇာသဘင်အခမ်းအနားအား ဧပြီလ ၆ ရက်နေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့၌ ကျင်းပခဲ့သည်။

 

အဆိုပါ အန္တိမဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများ၊ ရပ်မိ ရပ်ဖများ၊ ဆရာတော်ဘုရားကြီး၏ ဆွေတော်၊ မျိုးတော်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ပူဇော်ကြသည်။

 

ဦးစွာ ကြွရောက်တော်မူကြသည့် ဆရာတော်ဘုရားကြီးများမှ သံဝေဂ သုံး ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ၎င်းနောက် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ထေရုပ္ပတ္တိကို ဖတ် ကြားပူဇော်ကြပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများက ပံသုကူသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အနီး သတ်မှတ်နေရာများတွင် တင်လှူ ပူဇော်ကြပြီး သံဃာတော်များက အနိစ္စာ ဝတသင်္ခါရ အစချီသံဝေဂ သုံး ဂါထာကို ရွတ်ဆိုပွားများ၍ ပံသုကူ သင်္ကန်း အလှူတော်ခံကာ လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

၎င်းနောက်နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘုရားကြီး၏ ဥတုဇ ရုပ်ကလပ်တော်အား လောင်တိုက် တော်ပေါ်သို့ ပင့်ဆောင်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များက အနိစ္စာဝတသင်္ခါရာအစချီသော သံဝေဂဂါထာကိုရွတ်ပွားတော်မူကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ တေဇောဓာတ်ဖြင့် မီးပူဇော်ခဲ့ကြသည်။

 

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်းလျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် မွေးဖွားသန့်စင်ခဲ့ပြီး၊ ပျံလွန်တော်မူချိန်တွင် သက်တော် ၉၆၊  ဝါတော် ၇၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post