• Follow Us on
Latest News

Home နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား အား ယနေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား အား ယနေ့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

Share this post

နေပြည်တော်၊ ဧပြီ ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ ဥတုဇရုပ်ကလပ်တော် အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ပူဇော်ထားရှိပြီး အန္တိမအဂ္ဂိဈာပနအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားမှုအခြေအနေများအား ယမန်နေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှနှင့် တာဝန်ရှိသူများ လိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဖူးမြော်ကြည်ညို ကြသည်။

 

ယင်းနောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးနာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မ ကုန်းသာတောရကျောင်းတိုက်ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ဈာပနအခမ်းအနားသို့ ကြွရောက်တော်မူသည့် မိုင်းဖုန်းဆရာတော် သဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာ စရိယ ဘဒ္ဒန္တ ဉာဏသံဝရတို့အားဖူးမြော်ကြည်ညိုရာ ဆရာ တော်ကြီးများက နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ ဝင်များအား  ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။

 

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နဂါးနှစ်ကောင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်ကြီး၏ အသုံးအဆောင်များပစ္စည်း များအား ပြန်လည်စုဆောင်းပြုစု၍ ပြခန်းအဖြစ်ပြသထားရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား လျှောက်ထားတင်ပြကာ ဆရာတော်ကြီးများထံမှဩဝါဒ ခံယူခဲ့သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား အန္တိမအဂ္ဂိဈာပနကျင်းပတော်မူမည့်နေရာသို့ရောက်ရှိကာ စီစဉ်ဆောင်ရွက်ထား ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော် အားပင့်ဆောင်ပူဇော်မည့် လမ်းကြောင်းတစ်လျှောက် သန့်ရှင်းသာယာမှုရှိအောင် ဆောင်ရွက်ထားရှိရန်၊ ယာဉ်သွားလာမှုများ စနစ်တကျြ ဖစ်စေရန်၊ အခမ်းအနားသို့ ကြွ ရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၏ သွားလာရေး၊ တည်းခိုနေထိုင်ရေးနှင့်စားသောက်ရေးတို့တွင် အဆင်ပြေချောမွေ့ မှုရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်၊ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင်စီစဉ်ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော် ဝါရီ ၈ ရက်(ကြာသပတေးနေ့) နံနက် ၁၂နာရီ ၀၂ အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ကြီး သည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါရှိပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post