• Follow Us on
Latest News

Home နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဈာပနကွင်းသို့ ပင့်ဆောင်မည့်လမ်းတလျှောက်ရှိ ရောင်းချလျက်ရှိသောဈေးဆိုင်များအား ဧပြီ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ဈေးရောင်းချခြင်းမပြုရန် ကြေငြာထား

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဈာပနကွင်းသို့ ပင့်ဆောင်မည့်လမ်းတလျှောက်ရှိ ရောင်းချလျက်ရှိသောဈေးဆိုင်များအား ဧပြီ (၅) ရက်နေ့နှင့် (၆) ရက်နေ့များတွင် ဈေးရောင်းချခြင်းမပြုရန် ကြေငြာထား

Share this post

နေပြည်တော်၊ ဧပြီ ၅

 

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ဈာပန ပြုလုပ်ရာတွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နိုင်ငံတော်ဩဝါဒစရိယ နဂါးနှစ်ကောင် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမဈာပနအခမ်းအနားကို ဧပြီလ(၆)ရက်နေ့တွင်  ပြုလုပ် မည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်များ ဆရာတော်ကြီးများ လာရောက်လျက်ရှိကြောင်း သိရသည်။

 

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဧပြီလ ၆ ရက်နေ့တွင် နဂါးနှစ်ကောင်ကျောင်း တိုက်မှ ဈာပနကွင်းအရောက်ပင့်ဆောင်ပူဇော်မည့် လမ်းမကြီးတလျှောက် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းကြောင်းများရှင်းလင်းစေရေး၊ ပင့်ဆောင်ပူဇော်မည့် လမ်းတလျှောက် လမ်းပိတ်ဆို့မှုမရှိစေရေးနှင့်  သန့်ရှင်းသာယာလှပရေးဆောင်ရွက်နိုင်ရန်  စည်ပင် သာယာရေးဌာနမှ ဧပြီလ ၅ ရက်နေ့တွင် သန့်ရှင်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ တာချီလိတ်မြို့ဗိုလ်ချုပ်လမ်းမကြီးနှင့် ဈာပနကွင်းသို့သွားရာလမ်းတလျှောက်ရှိ လမ်းဘေးဝဲယာတွင် ရောင်းချလျက်ရှိသောဈေးသူ/သားများအနေဖြင့် ဧပြီလ ၅ရက်နေ့နှင့် ဧပြီလ ၆ ရက်နေ့တို့တွင် ဈေးရောင်း ချမှုမပြုဘဲ ကုသိုလ်ပါဝင်ဆောင်ရွက်ကြစေရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ပေးကြရန် စည်ပင်သာယာရေးဌာနမှ လိုက်လံနှိုးဆော် စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နဂါးနှစ်ကောင်ကျောင်းတိုက်မှ ပဓာန နာယကဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သက်တော် ( ၉၇ ) နှစ်၊ ဝါတော် (၇၇) နှစ်သည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နံနက်အစောပိုင်းတွင် ဘဝနတ်ထံ ပျံလွန် တော်မူခဲ့ခြင်းဖြစ်သည်။

 

နဂါးနှစ်ကောင်ကျောင်း တိုက်ဦးစီးပဓါနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ၏ အန္တိမအဂ္ဂိဈာပန ပူဇာ သဘင်ကို ဟောင်လိတ်စက်မှုဇုံအနီး၊ တာချီလိတ်-မိုင်းဖုန်း သွားလမ်းနှင့်မြို့ပတ်လမ်းထောင့်အနီးရှိ ကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post