• Follow Us on

Home နစကဒုဥက္ကဋ္ဌ တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီဒုဥက္ကဋ္ဌနှင့် တွေ့ဆုံ၊ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

နစကဒုဥက္ကဋ္ဌ တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီဒုဥက္ကဋ္ဌနှင့် တွေ့ဆုံ၊ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန် နေ့ ညနေ ၅ နာရီတွင် Qingdao International Conference Center ရှိ Anren ခန်းမ၌ တရုတ် ပြည်သူ့နိုင်ငံ ရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံမိတ်ဖက် ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံစဉ် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကိုအခြေခံ၍ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို တိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးနှင့် ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် သက်ဆိုင်ရာစီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုံခြုံရေးအပြည့်အဝရရှိရေး ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်းလောင်းကစားများ ပပျောက်ရေးနှင့် မူးယစ် ဆေးဝါးကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ နှစ်နိုင်ငံသတင်းအချက်အလက် ဖလှယ်ရယူ ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဖော်ဆောင်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ဖော်ဆောင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအခြေ အနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)၏ အိမ်နီးချင်းကောင်း၊ မိတ်ဆွေဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်ဥက္ကဋ္ဌ မစ္စရှန်ယွဲ့ယွဲ့ (Ms.Shen Yueyue) နှင့်အတူ တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

 

#PeopleMedia


Share this post