• Follow Us on

Home နစကနှင့် ပူးပေါင်းသည့် အနုပညာရှင်များကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း NUG ရဲတပ်ဖွဲ့ ထုတ်ပြန်

နစကနှင့် ပူးပေါင်းသည့် အနုပညာရှင်များကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း NUG ရဲတပ်ဖွဲ့ ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၉

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် ပူးပေါင်းသည့် အနုပညာရှင်များကို ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း NUG ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

ဖေဖော်ဝါရီလ (၈) ရက်က မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးအပြင် အခြားအနုပညာရှင်များ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပါက ပြင်းထန်စွာ အရေးယူ မည်ဖြစ်ကြောင်း NUG ရဲတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

 

အဆိုပါ သတိပေးချက်ကို မလိုက်နာဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရနှင့် ပူးပေါင်းနေသည့် အနုပညာရှင်/ အတတ်ပညာရှင်များကို စုံစမ်းဖော်ထုတ်ပြီး ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ် ပြန်ချက်မှာ ဖော်ပြထားသည်။

 

#PeopleMedia


Share this post