နစကအစိုးရနဲ့ သူပုန်အုပ်စု ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူ

PUBLISHED - December 15, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၅
မြန်မာ နစက အစိုးရနဲ့ တိုင်းရင်းသားသူပုန်မဟာမိတ်အုပ်စုတို့ဟာ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် စီစဉ်ထားတဲ့အတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း တရုတ် နိုင်ငံက ကြာသပတေးနေ့ (ဒီဇင်ဘာလ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ အတတ်နိုင်ဆုံး စိတ်ရှည်သည်းခံပြီး မြန်မာနိုင်ငံတွင်း ထိခိုက်မှုမရှိစေ ဘဲ အောင်မြင်အောင် ဆောင်ရွက်ကြလိမ့်မယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။” လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ခေါ် ပူးပေါင်းသူပုန်အုပ်စုက နစက အစိုးရကို ဆက်လက်တိုက်ခိုက်မှာဖြစ်တယ်လို့ သံန္နိဋ္ဌာန်ချထားကြောင်း ပြောဆိုလိုက်ပြီး ရက်ပိုင်းအတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာက အခုလိုပြောဆို လိုက်တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို မကြာသေးခင်ကပဲ တရုတ်နိုင်ငံထဲမှာ ကျင်းပခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်မော်နင်က ပြောပါတယ်။
တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒီမိုကရေစီလိုလားတဲ့လက်နက်ကိုင်အုပ်စုတွေနဲ့အတူ မြန်မာနိုင်ငံ တစ်ဝန်း နစက အစိုးရကို သူပုန်အုပ်စုက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းမှုပြီးကတည်းက နစက အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ဖိနှိပ်မှုကို ခံစားနေရတဲ့ မြန်မာလူထုရဲ့ “နိုင်ငံရေးရည်မှန်းချက်တွေကို” ထောက်ခံအားပေးနေရာက နေ ဘယ်တော့မှ နောက်ဆုတ်သွားမှာမဟုတ်ဘူးလို့ ကိုးကန့်၊ ပလောင်၊ ရခိုင် သူပုန်အုပ်စုသုံးဖွဲ့ပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောကြောင်း ဒေသတွင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။
တိုင်းရင်းသားသူပုန်တွေနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ကမကထလုပ်ပေးတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကျင်းပနေကြောင်း နစက အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က တနင်္လာနေ့က ပြောကြားပြီးနောက် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး “၁၀၂၇ စစ်ဆင်ရေး” လို့ အမည်ပေးထား တဲ့ ထိုးစစ်ကြီးနဲ့ စတင်တိုက်ခိုက်ခဲ့ကတည်းက ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်က မြို့တချို့အပါအဝင် တပ်မတော်စခန်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတစ်ဝန်း တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၀ ကျော်နေထိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။
Ref: Myanmar junta, militias agree to cease-fire in China-mediated talks: Kyodo News
#PeopleMedia