• Follow Us on

Home နစကအစိုးရ၊ EAO တွေနဲ့ NUG ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်လာအောင် ထိုင်းအစိုးရ ကြိုးပမ်းမည်

နစကအစိုးရ၊ EAO တွေနဲ့ NUG ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်လာအောင် ထိုင်းအစိုးရ ကြိုးပမ်းမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

 

မြန်မာ နစက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs နဲ့ ပြည်ပြေးအစိုးရ NUG တို့ပါဝင် မယ့် ဆွေးနွေးပွဲတစ်ခုကို ထို်င်းနိုင်ငံက ကမကထလုပ်ပြီး ဦးဆောင်ကျင်းပသွားနိုင်ဖွယ်ရှိကြောင်း ရိုက်တာ သ တင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

“ထိုင်းနိုင်ငံက ဦးဆောင်မယ့် ဒီအစီအစဉ်ဟာ နစက အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အတိုက်အခံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တို့ကြား ဆွေးနွေးပွဲတစ်ခုဖြစ်ပေါ်လာတဲ့အထိ ဦးတည်သွားနိုင် ပါတယ်။” လို့ ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖောက်ခတ်ခီယိုက ပြောပါတယ်။

 

“ဆွေးနွေးပွဲ လုပ်ငန်းစဉ်တချို့ကို အနည်းဆုံး ဒီနှစ် နှစ်လယ်ပိုင်းလောက်မှာ စတင်ဆောင်ရွက်သင့်ပါတယ်။” လို့ ဆီဟာဆက်က ပြောပေမဲ့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။

 

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နိုင်ငံတို့လို နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပြန်လည်ထိတွေ့ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတွေ ပြန်လည်စတင်နိုင်ဖို့ ဒီအစီအစဉ်က လမ်းခင်းပေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးမှုတချို့ စတင်ဆောင်ရွက်ဖို့နဲ့ အ ပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ စတင်နိုင်ဖို့အတွက် ဒီအစီအစဉ်ဟာ အခွင့်အလမ်းတစ်ရပ်ဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံဟာ အခုလနှောင်းပိုင်းမှာ မဲဆောက်-မြဝတီနယ်စပ်အနီးမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုဇုံတစ်ခုကို တည်ထောင်သွားဖို့ စီစဉ်နေပါတယ်။

 

အဲဒီအစီအစဉ်ကတစ်ဆင့် ဒေသခံပြည်သူတွေနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူ ၂၀၀၀၀ ဝန်းကျင်ကို စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ဆီဟာဆက်ဖောက်ခတ်ခီယိုက ပြောပါတယ်။

 

ဒီအစီအစဉ်ဟာ မြန်မာနိုင်ငံတွင်း မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေကြား ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တစ်ရပ် စတင်ဖြစ်ပေါ်လာဖို့ မအောင်မြင်ခဲ့တဲ့ အရှေ့တောင်အာရှ ၁၀ နိုင်ငံရဲ့ ကြိုးပမ်းအား ထုတ်မှုတွေကို ထပ်မံမြှင့်တင်ဆောင်ရွက်သွားမယ့်အစီအစဉ်ဖြစ်ကြောင်း ဆီဟာဆက်က ပြောပါတယ်။

 

ဒီအစီအစဉ်ရဲ့ အန္တိမရည်မှန်းချက်ဟာ ပဋိပက္ခတွေကို ထိန်းချုပ်လာနိုင်ပြီး ဆွေးနွေးညှိနှိုင်းမှုလမ်းကြောင်းပေါ် ကို ရောက်လာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

 

“မြန်မာနိုင်ငံမှာ ဒီ့ထက်ပိုပြီး မတည်မငြိမ်ဖြစ်တာတွေကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ ဒီလုပ်ငန်းစဉ်ဟာ ထိ ရောက်ရှိပြီး ယုံကြည်စိတ်ချမှုရှိရမှာဖြစ်သလို ပွင့်လင်းမြင်သာဖို့လည်း လိုအပ်ပါတယ်။” လို့ မစ္စတာ ဆီဟာ ဆက်က ပြောပါတယ်။

 

Ref: Thailand confident aid effort will lead to Myanmar crisis dialogue

 

#PeopleMedia


Share this post