• Follow Us on
Latest News

Home နစကဥက္ကဋ္ဌကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ်ဆောင်ရွက်

နစကဥက္ကဋ္ဌကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင်နှင့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ်ဆောင်ရွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရေဘေးဒဏ်သင့်ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုအခြေ အနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ ပတ်လမ်းပေါ်ရှိ အရှည် ၃၆၀ ပေ၊ အကျယ် ၅၅ ပေရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)သည် ဆင်သေချောင်းတစ်လျှောက် ရုတ်တရတ်ရေကြီးရေလျှံခြင်းများကြောင့် ပျက်စီးမှုများနှင့်  ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် သိုက်ချောင်းကျေးရွာမှ ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မော်တော်ယာဉ်များဖြင့် လှည့်လည်၍ စိုက်ဧကများ ရေတိုက်စားမှုကြောင့် ထိခိုက် ပျက်စီးနေမှုအခြေအနေများ၊ ကျေးရွာများအတွင်း ရေဝင်ရောက်နေမှုများ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝက်ကုန်း ကျေးရွာနှင့် ပေါက်တောကျေးရွာလမ်းကြောင်းတစ်လျှောက် လူနေအိမ်များ ရေဝင်ရောက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အေးမြင့်သာယာတံတား(ဆင်သေချောင်းကူး)သို့ ရောက်ရှိကြပြီး ရေစီးအားကြောင့် တံတားချဉ်းကပ်လမ်းမြေကာနံရံပဲ့ကျပျက်စီးနေမှုအခြေအနေများနှင့် ဆင်သေချောင်းအတွင်း သစ်ပင်၊ သစ်တုံးများ မျောပါပြီး တံတားအောက်ခြေတိုင်များတွင် ပိတ်ဆို့နေမှုများကို ဖယ်ရှားနေမှုများအား ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဒဏ်ခံခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အင်ပြည့်အားပြည့်ဖြင့် အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန်လို ကြောင်း၊ ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရောက်ရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခံစားခဲ့ရသည့် အခြားနိုင်ငံများနည်းတူ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ အမြန်ဆုံးရရှိနိုင်ရေးအတွက်လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေး ဆောင်ရွက်သွားရန်နှင့် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ထောက်ပံ့ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

#PeopleMedia


Share this post