• Follow Us on
Latest News

Home နစကဥက္ကဋ္ဌထံ ဘရာဇီးနိုင်ငံ သံအမတ်ကြီးနှင့် အီဂျစ်နိုင်ငံသံအမတ်ကြီး သံအမတ်တို့ ခန့်အပ်လွှာပေးအပ်

နစကဥက္ကဋ္ဌထံ ဘရာဇီးနိုင်ငံ သံအမတ်ကြီးနှင့် အီဂျစ်နိုင်ငံသံအမတ်ကြီး သံအမတ်တို့ ခန့်အပ်လွှာပေးအပ်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၉

 

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံ ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes နှင့် အီဂျစ်အာရပ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarimတို့ ယနေ့ နံနက်ပိုင်းက ၎င်းတို့၏ သံအမတ်ခန့် အပ်လွှာပေးအပ်ခဲ့ကြသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာ နိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes သည် ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့် အပ်လွှာကိုပေးအပ်ခဲ့သည်။

 

ထို့နောက် မြန်မာ-ဘရာဇီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ စက်မှုနည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှု အခြေအနေများ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိ မှု၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်စပ်လျဉ်းပြီး  ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်ပြီး  ယမန်နေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ် ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

 

ထို့နောက် မြန်မာ-အီဂျစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ချစ်ကြည်ရေးနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ စိုက်ပျိုး ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ပညာရေးကဏ္ဍတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန် ချစ်ကြည်ရေးဆိုင်ရာကိစ္စ ရပ်များ၊ မြန်မာနိုင်ငံ၏လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုး တက်နေမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅) ရပ်ချမှတ်၍ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက် လျက်ရှိမှု၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြို တင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post