နစကဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌတို့တွေ့ဆုံ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေး
PUBLISHED - May 8, 2024
နေပြည်တော်၊ မေ ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Samdech Akka Moha Sena Padei Techo HUN SEN နှင့်ယမန်နေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ကမ္ဘော ဒီးယားနိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ တို့သည် နှုတ် ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး နှစ်နိုင်ငံ အကြားဆက်ဆံရေးကောင်း မွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်နှင့် မိုခါမုန်တိုင်းကျ ရောက်ချိန်တွင် ကမ္ဘောဒီးယားနိုင်ငံမှ အကူအညီများပေးပို့ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ အဖွဲ့အတွင်း အပြုသဘောဆောင်စွာဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ ရှေ့ လုပ်ငန်းစဉ် ၅ ရပ် အကောင်အထည်ဖော်မှုအပေါ် ခိုင်မာစွာရပ်တည်၍ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားမှု၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုအပါအဝင် အခြားလိုအပ်သည်များကို ကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိမှု၊ ရွေးကောက်ပွဲကိုဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံတွင် မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ဆောင်ရွက် နေမှု၊ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတွေ့အကြုံမျှဝေလိုမှုအခြေအနေများကို ဆွေးနွေး ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
#PeopleMedia