• Follow Us on
Latest News

Home နစကဥက္ကဋ္ဌမှ တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ ဆွေးနွေး

နစကဥက္ကဋ္ဌမှ တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ ဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီး ဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေ အနေများ၊ နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ အပြန်အလှန်သွားရောက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲ ဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post