• Follow Us on

Home နစကဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဖွဲ့အစည်းများ ထုတ်ပြန်

နစကဥက္ကဋ္ဌ၏ တရုတ်နိုင်ငံခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းအဖွဲ့အစည်းများ ထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် နိုင်ငံတော်အတွက် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာထားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ပြီး (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာထိပ်သီးအစည်း အဝေးနှင့် (၁၁)ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်း အဝေးများ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံကြိုးပမ်းဆောင်နိုင်ခဲ့ခြင်း၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာ ဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ခဲ့ခြင်းတို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သောကောင်းမွန်သည့် ရလဒ်များရအောင် ဆွေးနွေးနိုင်ခဲ့ သည်။

 

ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မြန်မာနိုင်ငံကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် မြန်မာ-တရုတ် ပူးပေါင်း ဆက်ဆံရေးဗဟိုအသင်း၊ တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားအသင်းအဖွဲ့များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့(ဗဟို)၊ လူမျိုးပေါင်းစုံညီညွတ်ရေးနှင့်အကျိုးဆောင်အဖွဲ့(ယာယီ)၊ မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတို့မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဘောထားထုတ်ပြန်ကြေညာခဲ့ သည်။

 

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် အထူးကောင်းမွန်သည့် အကျိုးကျေးဇူးရလဒ်များအား ရယူနိုင်ခဲ့ခြင်း၊ ဧရာဝတီ – ကျောက်ဖရား – မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခြင်းတို့အတွက် ဗုဒ္ဓ ဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)က အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post