နစကဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်

PUBLISHED - August 2, 2024
နေပြည်တော်၊ သြဂုတ် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူး ကိုယ်စားလှယ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည်။
အထူးကိုယ်စားလှယ်သည် ဖနောင်ပင်မြို့သို့ရောက်ရှိစဉ် သြဂုတ်လ ၁ရက်၊ နံနက် ၉ နာရီအချိန်တွင် ကမ္ဘောဒီး ယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆန်အား အထက်လွှတ် တော်၌လည်းကောင်း၊ နံနက် ၁၀နာရီ ၃၀ အချိန်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒတ် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်အား ငြိမ်းချမ်းရေးနန်းတော်၌လည်းကောင်း သွားရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံတူညီဆန္ဒ (၅)ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ် အကောင် အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်းတရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိ သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှု ကဏ္ဍများအပါအဝင် နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့်အလားအလာ များ၊ ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျ ရောက်မည့် နှစ် (၇၀) ပြည့် သံတမန်ဆက်ဆံရေးထူထောင်သည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
#PeopleMedia