နစကဥက္ကဋ္ဌ ချုံချင့်မြို့ရှိ ဒရုန်း၊ ကားနှင့် လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီများသို့ သွားရောက်လေ့လာ
PUBLISHED - November 9, 2024
နေပြည်တော်၊ နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ ဒရုန်း၊ ကားနှင့် လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီများသို့ သွားရောက်လေ့လာခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များသည် Zhongyue Aviation UAV Firefighting-Drone Co.Ltd. သို့ ရောက်ရှိပြီး ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏ သမိုင်းအကျဉ်းနှင့် နှစ်အလိုက်ဖွံ့ဖြိုး တိုး တက်မှုများ၊ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့မှုများနှင့် အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင်ကျွမ်း မှုများနှင့် အခြားသော သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု၍ ပြုလုပ်ပုံ အဆင့်ဆင့်အား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် SERES မော်တော်ကားကုမ္ပဏီ၊ Chongqing International Logistics Hub Park၊ Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီနှင့် Chongqing Planning Exhibition ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။
#PeopleMedia