• Follow Us on
Latest News

Home နစကဥက္ကဋ္ဌ စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက်ဖူးမြော်

နစကဥက္ကဋ္ဌ စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက်ဖူးမြော်

Share this post

နေပြည်တော်၊ ဩဂုတ် ၂၇

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားကိုးကွယ်သည့် စွယ်တော်မြတ်စေတီတော်(မန္တလေး)အား သွားရောက်ဖူးမြော်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် စွယ်တော်မြတ်စေတီတော်အား ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ကြပြီး ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မန္တလေးမြို့၊ မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသကို ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီးထံ အားဖြည့်ငှက်သိုက်နှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။

 

#PeopleMedia


Share this post