• Follow Us on

Home နစကဥက္ကဋ္ဌ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု၊ နေပြည်တော်ဇုန်အသင်း အနိုင်ရဗိုလ်စွဲ

နစကဥက္ကဋ္ဌ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်ကြည့်ရှု၊ နေပြည်တော်ဇုန်အသင်း အနိုင်ရဗိုလ်စွဲ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၃

 

နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင်နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ နည်း ပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် နေပြည်တော်ဇုန်နှင့် မိတ္ထီလာဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှု အားပေးခဲ့သည်။

 

အဆိုပါပွဲစဉ်တွင် နေပြည်တော်ဇုန်နှင့် မိတ္ထီလာဇုန်အသင်းတို့ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲကစားချိန် ပြီးဆုံး ချိန်တွင် နေပြည်တော်ဇုန်အသင်းက မိတ္ထီလာဇုန် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆုဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် နေပြည်တော်ဇုန်အသင်းအား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီး မြှင့်ခဲ့သည်။

 

#PeopleMedia


Share this post