• Follow Us on
Latest News

Home နစကဥက္ကဋ္ဌ နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး

နစကဥက္ကဋ္ဌ နိုင်ငံတော်သံစုံတီးဝိုင်းဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး

Share this post

နေပြည်တော်၊ ဩဂုတ် ၁၄

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုကို ယမန် နေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်၊ မြဝတီမီဒီယာစင်တာရှိ Theatre ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါ ဖျော်ဖြေပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူ လှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် အနုပညာရပ်ဝန်းအသီးသီးမှ နိုင်ငံကျော်အနုပညာရှင်များ တက်ရောက်အားပေး ကြည့်ရှုကြသည်။

 

ဦးစွာ ဖျော်ဖြေပွဲအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ အခမ်းအနားမှူးက နိုင်ငံတကာသံစုံ တီးဝိုင်းများနှင့် နိုင်ငံတော်သံစုံတီးဝိုင်း အကြောင်းအရာ အကျဉ်းအား ရှင်းလင်းတင်ပြသည်။ ထို့နောက် နိုင်ငံ တော်သံစုံတီးဝိုင်းနှင့် တူရိယာများဆိုင်ရာ Annimation Video Clip ကို တင်ဆက်ပြသသည်။

 

ယင်းနောက် နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက မတ်တပ်ရပ် အလေးပြုကြသည်။

 

ဆက်လက်ပြီး ASEAN Anthem သံစဉ်နှင့် နိုင်ငံတော်သံစုံတီးဝိုင်း၏ ပဏာမတေးသွား(MNSO Overture) တို့ကိုလည်းကောင်း၊ တူရိယာအမျိုးအစားများအလိုက် တီးမှုတ်တင်ဆက်၍လည်းကောင်း နိုင်ငံတော်သံစုံ တီးဝိုင်းအဖွဲ့သားများက ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် နိုင်ငံတော်သံစုံတီးဝိုင်းနှင့်အတူ တွဲဖက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တေးသံရှင်များ၊ နိုင်ငံ ကျော်ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များက မြန်မာသံစဉ်များ၊ ခေတ်ပေါ်သံစဉ်များနှင့် နိုင်ငံတကာ ကမ္ဘာကျော် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်သံစုံတီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြသည်။

 

ဖျော်ဖြေတင်ဆက်မှုများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် နိုင်ငံတော်သံစုံတီးဝိုင်း ဖျော်ဖြေရေးအဖွဲ့နှင့် ပြင်ပအဆိုရှင်များအား ဂုဏ်ပြုပန်း ခြင်းများနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်သည်။

 

#PeopleMedia


Share this post