နစကဥက္ကဋ္ဌ ပြင်ဦးလွင်မြို့ရှိ မဟာရွှေမြင်တင်စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

PUBLISHED - May 30, 2024
နေပြည်တော်၊ မေ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ မဟာရွှေမြင်တင်စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စေတီတော်မြတ် ကြီးအတွက် ဘက်စုံအလှူငွေများကိုပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ က လက်ခံရယူသည်။ ထို့နောက် စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော်ကြည်ညို၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်မှာကြားပြီး စေတီတော်ကြီး အား ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် လိုအပ်သည်များကို ဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် မြတ်စွာဘုရား ရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်ပြီး ပါဒခြေတော်ရာအား ဖူးမြော်ကြည်ညိုခဲ့သည်။
#PeopleMedia