နစကဥက္ကဋ္ဌမှ ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင်ဘွဲ့ နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များဂုဏ်ပြုချီးမြှင့်
PUBLISHED - February 21, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန် ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှု ဆိုင်ရာဘွဲ့တံဆိပ်များဂုဏ်ပြုချီးမြှင့်အပ်နှင်းခဲ့သည်။
ယမန်နေ့က ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်ခြင်းကို နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများ၊ Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြော ရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် Japan- Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE ထံ သီရိပျံချီ ဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့သည်။
ယင်းနောက် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်း ဆောင်ရွက်ခဲ့သောကြောင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိခဲ့သည့် ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr. Taro Aso အား သရေစည်သူဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်အပ်နှင်းရာ Japan-Myanmar Association Chairman ဖြစ်သူ H.E. Mr. HIDEO WATANABE က ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း ကိုယ်စား လက်ခံရယူခဲ့ သည်။
ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဆွေတော် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် မိတ်ဆွေကောင်းတစ်ဦးဖြစ်ကြောင်း၊ အဆွေတော်အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံတွင် လာရောက်ဆောင်ရွက်နိုင်ရန်တို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဆွေ တော်၏ ကြိုးပမ်းခဲ့မှုများကြောင့် နှစ်နိုင်ငံအစိုးရ၊ ပြည်သူများနှင့်တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင် ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုထက် ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သမိုင်းဟူသည်မှာ ဖျောက်ဖျက်၍မရဘဲ ကမ္ဘာတည်သရွေ့ ကျန်ရှိနေမည်ဖြစ်သဖြင့် ကောင်းမွန်သည့်သမိုင်းကို အတူတကွရေးထိုးကြရမည် ဖြစ် ကြောင်း၊ ပြောကြားသည်။
ဆက်လက်ပြီး H.E. Mr. HIDEO WATANABE က အနာဂတ်တွင် ယခုဘွဲ့တံဆိပ်နှင့် ကိုက်ညီသည့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ကတိပြုပြောကြား လိုပါကြောင်း၊ ဝန်ကြီးချုပ်ဟောင်းအတွက်ဂုဏ်ပြုသည့်ဘွဲ့တံဆိပ်ကို ပေးအပ်မှုအတွက်လည်း ကျေးဇူး တင်ရှိပါကြောင်းနှင့် ၎င်းအနေဖြင့် ကိုယ်တိုင်လက်ခံရယူလိုသော်လည်း လက်ရှိအချိန်တွင် ဂျပန်နိုင်ငံ၌ လွှတ်တော်ရွေးကောက်ပွဲရှိခြင်းကြောင့် လာရောက်နိုင်ခြင်းမရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ရှိပါကြောင်းကို အမှာစကားပါးလိုက်ပါကြောင်း၊ ယခင်အတိတ်က ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီဆောင်ရွက်မှုများကို ဆန်းစစ်၍ ယခုအချိန်တွင်လည်း ဆက်လက်ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့တပ်မတော်၏ ရပ်တည်မှုအတွက် မိမိ အသက်ရှင်သန်နေသည့်အချိန်အထိ ရာသက်ပန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြော ကြားခဲ့သည်။
#PeopleMedia
(unicode)
……………………………………………
#PeopleMedia