နစက၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်ဟု နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - September 2, 2023
နေပြည်တော်၊ စက်တင်ဘာ ၂
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့တာဝန်ယူဆောင်ရွက်နေချိန်အတွင်း နိုင်ငံတော်ကိုပုံမှန်လမ်း ကြောင်းအတိုင်း ဖြစ်စေရန်နှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပြုလုပ်၍ ထွက်ပေါ်လာမည့်အစိုးရကို နိုင်ငံတော် တာဝန်ကို ပြန်လည်လွှဲပြောင်းပေးနိုင်ရန်မှာ မိမိတို့၏အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတ သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းကောက်ယူခြင်းလုပ်ငန်းများနှင့် မဲပေးပိုင် ခွင့်ရှိသူအားလုံး စနစ်တကျ မှန်မှန်ကန်ကန် မဲပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးရာ တွင်လည်း လုံခြုံစိတ်ချရသည့် အီလက်ထရောနစ် မဲပေးစနစ်ဖြင့် စနစ်တကျမဲပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စနစ်တကျရှိစေရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေး ပိုင်ခွင့်ရရှိစေရေး မဲစာရင်းအခြေခံအချက်အလက်များ မှန်မှန်ကန်ကန်ဖြစ်အောင် ပြန်လည်ပြုစုရမည် ဖြစ် ကြောင်း၊ အခြေခံအချက်အလက်များ မှန်ကန်မှသာလျင် မဲစာရင်းမှန်ကန်မှုရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် လိုအပ်သည့် ကြိုတင် ပြင်ဆင်ဆောင် ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူပြီးမှသာလျင် လူဦးရေစာရင်း ထွက်လာ မည်ဖြစ်ပြီး မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မဲစာရင်း ကောက်ယူမှု မပြုနိုင်သေးသည့် မြို့နယ်အချို့ရှိကြောင်း၊ မဲစာရင်းကောက်ယူသည့် တာဝန်ရှိသူများကို အနှောင့်အယှက်ပေး နေမှုများကြောင့် ကောက်ယူမှုမပြုနိုင်သေးခြင်းဖြစ်ကြောင်းဖြင့် ပြောဆိုသည်။
ထို့ကြောင့် မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး မဲစာရင်းများ အပြည့်အဝကောက်ယူနိုင်မှ သာလျင် မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ကာ ရွေးကောက်ပွဲကိုလည်း မှန်မှန် ကန်ကန်ဖြင့် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်ဖြစ်အောင် ဆောင်ရွက်၍ရသည်ဖြစ် သော်လည်း မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲသည် စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာ စေရေး အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီနှင့်ပတ်သက်၍ အားနည်းချက်များရှိနေဆဲဖြစ်ပြီး အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဒီမိုကရေစီ ကိုတောင်းဆိုသည်မှာ မဖြစ်သင့်သည့်ကိစ္စဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြား သည်။
#PeopleMedia