နည်းပညာပိုင်းအားနည်းချက်များကြောင့် NUG နွေဦးထီရောင်းချမှု ယာယီရပ်နားမည်

PUBLISHED - August 18, 2021
နေပြည်တော်၊ သြဂုတ် ၁၈ (People Media)
နည်းပညာပိုင်းအားနည်းချက်များကြောင့် NUG နွေဦးထီရောင်းချမှု ယာယီရပ်နားမည်ဖြစ်ကြောင်း ယင်း လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားချက်အရ သိရသည်။
ပြည်သူများ ဝယ်ယူအားပေးထားသည့် အတည်ပြုအော်ဒါများအတွက် ငွေပေးချေမှုလုပ်ငန်းများ အဆင်ပြေ စေရန် စီစဉ်ဆောင်ရွက်ရန်လိုအပ်ခြင်း၊ ကြုံတွေ့ခဲ့ရသည့် နည်းပညာပိုင်း အားနည်းချက်များအား အဆင့် မြှင့်တင်ရန်လိုအပ်ခြင်းတို့ကြောင့် သြဂုတ်လ ၂၀ ရက်နေ့တွင် ထီးရောင်းချခြင်းလုပ်ငန်းကို ရပ်နားသွားမည် ဖြစ်သည်။ အဆိုပါထီရောင်းချခြင်းကို ခေတ္တခဏရပ်နားခြင်းသာဖြစ်ပြီး ရက်ပိုင်းအတွင်း ပြန်လည်စတင်သွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် ပြန်လည်စတင်ရောင်းချသည့်အခါတွင် ယခုထက်ပိုမိုကျယ်ပြန့်လွတ်လပ်သော အွန်လိုင်းငွေပေးချေမှု ပုံစံအမျိုးမျိုးအား လုံခြုံစိတ်ချမှုအပြည့်နှင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း အောင်လံလွှင့်ချီနွေဦးထီမှ ကြေညာ ထားသည်။
#PeopleMedia #NUG #အောင်လံလွှင့်ချီနွေဦးထီ
(unicode)
…………………………………………………………………