နည္းပညာအမွားအယြင္းေၾကာင့္ သိမ္းဆည္းရမိေသာအစားအစာတြင္သံုးေသာ ဓာတုပစၥည္းမ်ားကို မူးယစ္ ေဆးဟုေၾကညာမိေၾကာင္း ထိုင္း၀န္ႀကီးေျပာ

PUBLISHED - November 25, 2020
ဘန္ေကာက္၊ ႏို၀င္ဘာ ၂၅
ထိုင္၀မ္မွသတင္းပို႔မႈေၾကာင့္ ခ်ာေခ်ာင္ေဆာင္ခ႐ိုင္႐ွိဂိုေဒါင္တလံုးတြင္သိမ္းဆည္းရမိခဲ့ေသာဓာတုပစၥည္း ၁၁.၅ တန္မွာ မူးယစ္ေဆးခ်က္ရာတြင္အသံုးျပဳေသာ ကီတာမင္းမ်ားျဖစ္သည္ဟုေျပာျခင္းသည္ နည္းပညာပိုင္း အမွားအယြင္းေၾကာင့္ဟု ထိုင္းတရားေရး၀န္ႀကီး ဆြမ္ဆက္ သက္ဆူတင္က အဂၤါေန႔တြင္ေျပာသည္။
ေဒၚလာသန္း ၁၀၀၀ နီးပါးတန္ဖိုး႐ွိသည့္ အျဖဴေရာင္အမႈန္႔မ်ားပါ၀င္ေသာ အထုပ္ ၄၇၅ ထုပ္ကို ထိုင္းမူးယစ္ ေဆးထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႔(ONCB)အရာ႐ွိမ်ားက ႏို၀င္ဘာ ၁၂ ရက္တြင္ သိမ္းဆည္းရမိခဲ့သည္။
အထုပ္မ်ားမွယူလာေသာနမူနာမ်ားကို စစ္ေဆးရာ မူးယစ္ေဆးခ်က္ရာတြင္အသံုးျပဳေသာကီတာမင္းမ်ား ျဖစ္ ေနသည္ဟု ONCB ကေၾကညာခဲ့ၿပီး ထိုပမာဏသည္ ထိုင္းတြင္သိမ္းဆည္းရမိေသာအမ်ားဆံုးပမာဏျဖစ္သည္။
ထိုအထုပ္မ်ားကို ပသြန္သာနီခ႐ိုင္မွ ONCB အမွတ္ ၁ ေဒသ႐ံုးသို႔ယူသြားၿပီးေနာက္ပိုင္း ဓာတ္ခြဲခန္းတြင္စစ္ ေဆးခဲ့ရာ ကီတာမင္းမ်ားမဟုတ္ဘဲ အစားအစာမ်ားတြင္အရသာျဖည့္ျခင္းႏွင့္ အစြန္းခၽြတ္ေဆး တြင္ထည့္ျခင္းတို႔အတြက္အသံုးျပဳႏိုင္သည့္ ထ႐ိုင္ဆိုဒီယမ္ ေဖာ့စဖိတ္မ်ားျဖစ္ေၾကာင္းသိရသည္။
ေျမျပင္တြင္နည္းပညာပိုင္းအမွားအယြင္းျဖစ္ခဲ့သျဖင့္ ကီတာမင္းမ်ားဟုယူဆခဲ့ျခင္းျဖစ္ေၾကာင္း မစၥတာ ဆြမ္ဆက္ကေျပာသည္။
ယခုျဖစ္ရပ္ေၾကာင့္ မူးယစ္ေဆးမ်ားႏွင့္ပတ္သက္၍ အြန္လိုင္းတြင္သတင္းမ်ားျပန္႔ႏွံ႔ခဲ့ၿပီး မဆိုင္သူမ်ားကို စြပ္စြဲေျပာဆိုမႈမ်ား႐ွိခဲ့သည္။
ထို႔ေၾကာင့္ တနလၤာေန႔တြင္ ဖမ္းဆီးမႈႏွင့္ပတ္သက္၍အမ်ားျပည္သူကိုသတင္းမွားမ်ားေပးသည္ဟုဆိုကာ တရားေရး၀န္ႀကီးႏွင့္ ONCB အေထြေထြအတြင္းေရးမွဴးတို႔ကို ျပစ္မႈက်ဴးလြန္ခံရသူမ်ားအေထာက္အကူ ေပးေရးအသင္းဥကၠ႒ အက္ခ်ာရီယာ ႐ြန္ဂရက္တာနာေပါင္က အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးရဲတပ္ဖြဲ႔ထံ တိုက္ခ်က္ဖြင့္ခဲ့သည္။
Ref : Thailand’s ‘largest ketamine bust’ turns out to be cleaning agent
#PeopleMedia
(unicode)
နည်းပညာအမှားအယွင်းကြောင့် သိမ်းဆည်းရမိသောအစားအစာတွင်သုံးသော ဓာတုပစ္စည်းများကို မူးယစ် ဆေးဟုကြေညာမိကြောင်း ထိုင်းဝန်ကြီးပြော
…………………………………………………………………………..
ဘန်ကောက်၊ နိုဝင်ဘာ ၂၅
ထိုင်ဝမ်မှသတင်းပို့မှုကြောင့် ချာချောင်ဆောင်ခရိုင်ရှိဂိုဒေါင်တလုံးတွင်သိမ်းဆည်းရမိခဲ့သောဓာတုပစ္စည်း ၁၁.၅ တန်မှာ မူးယစ်ဆေးချက်ရာတွင်အသုံးပြုသော ကီတာမင်းများဖြစ်သည်ဟုပြောခြင်းသည် နည်းပညာပိုင်း အမှားအယွင်းကြောင့်ဟု ထိုင်းတရားရေးဝန်ကြီး ဆွမ်ဆက် သက်ဆူတင်က အင်္ဂါနေ့တွင်ပြောသည်။
ဒေါ်လာသန်း ၁၀၀၀ နီးပါးတန်ဖိုးရှိသည့် အဖြူရောင်အမှုန့်များပါဝင်သော အထုပ် ၄၇၅ ထုပ်ကို ထိုင်းမူးယစ် ဆေးထိန်းချုပ်ရေးဘုတ်အဖွဲ့(ONCB)အရာရှိများက နိုဝင်ဘာ ၁၂ ရက်တွင် သိမ်းဆည်းရမိခဲ့သည်။
အထုပ်များမှယူလာသောနမူနာများကို စစ်ဆေးရာ မူးယစ်ဆေးချက်ရာတွင်အသုံးပြုသောကီတာမင်းများ ဖြစ် နေသည်ဟု ONCB ကကြေညာခဲ့ပြီး ထိုပမာဏသည် ထိုင်းတွင်သိမ်းဆည်းရမိသောအများဆုံးပမာဏဖြစ်သည်။
ထိုအထုပ်များကို ပသွန်သာနီခရိုင်မှ ONCB အမှတ် ၁ ဒေသရုံးသို့ယူသွားပြီးနောက်ပိုင်း ဓာတ်ခွဲခန်းတွင်စစ် ဆေးခဲ့ရာ ကီတာမင်းများမဟုတ်ဘဲ အစားအစာများတွင်အရသာဖြည့်ခြင်းနှင့် အစွန်းချွတ်ဆေး တွင်ထည့်ခြင်းတို့အတွက်အသုံးပြုနိုင်သည့် ထရိုင်ဆိုဒီယမ် ဖော့စဖိတ်များဖြစ်ကြောင်းသိရသည်။
မြေပြင်တွင်နည်းပညာပိုင်းအမှားအယွင်းဖြစ်ခဲ့သဖြင့် ကီတာမင်းများဟုယူဆခဲ့ခြင်းဖြစ်ကြောင်း မစ္စတာ ဆွမ်ဆက်ကပြောသည်။
ယခုဖြစ်ရပ်ကြောင့် မူးယစ်ဆေးများနှင့်ပတ်သက်၍ အွန်လိုင်းတွင်သတင်းများပြန့်နှံ့ခဲ့ပြီး မဆိုင်သူများကို စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။
ထို့ကြောင့် တနင်္လာနေ့တွင် ဖမ်းဆီးမှုနှင့်ပတ်သက်၍အများပြည်သူကိုသတင်းမှားများပေးသည်ဟုဆိုကာ တရားရေးဝန်ကြီးနှင့် ONCB အထွေထွေအတွင်းရေးမှူးတို့ကို ပြစ်မှုကျူးလွန်ခံရသူများအထောက်အကူ ပေးရေးအသင်းဥက္ကဋ္ဌ အက်ချာရီယာ ရွန်ဂရက်တာနာပေါင်က အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ထံ တိုက်ချက်ဖွင့်ခဲ့သည်။
Ref : Thailand’s ‘largest ketamine bust’ turns out to be cleaning agent
#PeopleMedia