နည်းစနစ်အမှားတစ်ခုကြောင့် အမေရိကန်တပ်မတော် တပ်သားသစ်စုဆောင်းရရှိမှု လျော့ကျနေကြောင်း အထက်လွှတ်တော်အမတ်ပြော
PUBLISHED - December 13, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၃
စစ်သားစုဆောင်းရေးစနစ်တွေထဲက စနစ်တစ်ခုကြောင့် အမေရိကန်တပ်မတော်ထဲကိုဝင်ရောက်လာမယ့် တပ် သားသစ်ဦးရေ စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် လျော့ကျသွားတာဖြစ်ကြောင်း အမေရိကန်အထက်လွှတ် တော်အမတ်တစ်ဦးက ပြောကြားလိုက်ပါတယ်။
အမေရိကန်တပ်မတော်ရဲ့ ကျန်းမာရေးမှတ်တမ်းစနစ်တစ်ခုဖြစ်တဲ့ “တပ်မတော်ကျန်းမာရေးစနစ်” (MHS Genesis) ထဲက အမှားအယွင်းငယ်တစ်ခုနဲ့ပတ်သက်ပြီး တပ်သားသစ်စုဆောင်းရေးဌာနချုပ်တွေရဲ့အကြီးအ ကဲတွေကို မက်ဆာချူးဆက်ပြည်နယ် အထက်လွှတ်တော်အမတ်အဲလိဇဘက်ဝါရန်းက မကြာသေးခင်ကကျင်း ပခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့များကော်မတီကြားနာပွဲမှာ မေးခွန်းတွေ ဖိမေးခဲ့ပါတယ်။
တပ်မတော်ထဲဝင်ရောက်ဖို့လျှောက်ထားတဲ့ ကျန်းမာသန်စွမ်းသူအများအပြားဟာ ကလေးဘဝ လက်ကောက် ဝတ်အဆစ်လွဲဖူးတာမျိုးလို အခြေအနေကြောင့် ကျန်းမာရေးစစ်ဆေးမှုတွေကို (မလိုအပ်ဘဲ) အချိန်အကြာကြီး ဆောင်ရွက်တာမျိုးကို ရင်ဆိုင်နေရကြောင်း အဲလိဇဘက်ဝါရန်းက ပြောပါတယ်။
အဲဒီလို အချိန်အကြာကြီးစစ်ဆေးတဲ့စနစ်ကြောင့် ကုသရလွယ်ကူတဲ့ ဒါမှမဟုတ် ကာလရှည်ကုသပြီးဖြစ်တဲ့ ဒဏ်ရာအသေးစားမျိုးရှိတဲ့ လျှောက်ထားသူတွေကို ပင်ပန်းနွမ်းနယ်စေတဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေအနေနဲ့ ဆေး ဘက်ဆိုင်ရာစစ်ဆေးမှုသက်သာခွင့် ရရှိသင့်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က လျှောက်ထားသူ ၇ ဦးမှာ တစ်ဦးဟာ အဲဒီလို ဆေးဘက်ဆိုင်ရာစစ်ဆေးမှုသက်သာခွင့် ရရှိအောင် လျှောက်ထားဖို့ လိုအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစနစ်နဲ့ဆောင်ရွက်နေတဲ့ လုပ်ထုံးလုပ်နည်းဟာ တပ်သားသစ်လျှောက်ထားသူတိုင်းအတွက် လျှောက်ထားမှု ဆောင်ရွက်ရတဲ့အချိန်တွေထဲကို နောက်ထပ် အနည်းဆုံး ရက်ပေါင်း ၇၀ ထပ်မံကြန့်ကြာမှုကို ရင်ဆိုင်နေရ ကြောင်း ဝါရန်းက ပြောပါတယ်။
“အခုအချိန်မှာ ပြောစရာမလိုလောက်အောင်ပဲ ကျန်းမာရေးအခြေအနေအရ ဆေးမအောင်တဲ့သူတွေကို ဖော် ထုတ်ဖို့အတွက် ကျွန်မတို့အနေနဲ့ screening process တစ်ခုကို လိုချင်ပါတယ်။ ကျွန်မတို့ရဲ့ ဒီဖြစ်စဉ်ကြီးဟာ တပ်မတော်ထဲဝင်ရောက်မယ့်သူတွေအတွက် မလိုအပ်တဲ့အတားအဆီးတွေကို ဖန်တီးနေတယ်ဆိုရင် ဒီကိစ္စ ဟာ ပြဿနာတစ်ရပ်လို့ ရှင်တို့သဘောတူကြလား။” လို့ ၎င်းက ပြောပါတယ်။
တချို့တပ်သားသစ်လျှောက်ထားသူတွေဟာ တပ်သားသစ်မဖြစ်ခင် ဘာ့ကြောင့် ပြန်ထွက်သွားကြတာလဲ ဆို တာကို အမေရိကန်တပ်မတော်အနေနဲ့ ခြေရာခံစုံစမ်းသွားတော့မှာဖြစ်ကြောင်း ဇန်နဝါရီလတုန်းက အမေရိကန် တပ်မတော်က ပြောပါတယ်။
စုံစမ်းစစ်ဆေးမယ့်စနစ်သစ်ဟာ ဆေးစစ်ချက်အရ အရည်အချင်းပြည့်မီတဲ့ တပ်သားသစ်အဖြစ်လျှောက်ထားသူ တွေရဲ့ အချက်အလက်တွေကို စုဆောင်းသွားမှာဖြစ်ပြီး အဲဒီပုဂ္ဂိုလ်တွေ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုသက်သာ ခွင့်ရရှိအောင် လျှောက်ထားလိုခြင်းရှိမရှိ ရွေးချယ်ခွင့်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြင်းပြတဲ့စစ်သားတွေဟာ အဲဒီတပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်ကြီးကို ဘာ့ကြောင့်စွန့်ခွာသွားတယ် ဆိုတာကိုလည်း အဲဒီစနစ်နဲ့ မှတ်တမ်းတင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“စစ်မှုထမ်းဖို့အတွက် စိတ်အားထက်သန်ကြောင်း သက်သေပြခဲ့တဲ့သူတွေကို ကျွန်မတို့ အဆုံးရှုံးမခံနိုင်ပါဘူး။ အတားအဆီးဖြစ်နေတဲ့အရာတွေကို ဆေးဘက်ဆိုင်ရာပြန်လည်ဆန်းစစ်လေ့လာမှုတွေလုပ်ပြီး အမြန်ဆုံးပယ် ဖျက်သွားစေချင်ပါတယ်။” လို့ ဝါရန်းက ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်က အမေရိကန်တပ်မတော်အနေနဲ့ တပ်သားသစ်စုဆောင်းရေးမှာ ရည်မှန်းချက်မပြည့်မီဘဲ အ လွန်အမင်းကျဆင်းခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ အမေရိကန်ကြည်းတပ်က တပ်သားသစ် ၆၀၀၀၀ စုဆောင်းဖို့ ရည်မှန်းထားရာမှာ ၄၅၀၀၀ သာ စုဆောင်းနိုင်ခဲ့တဲ့အတွက် ၁၅၀၀၀ လိုအပ်ခဲ့ပါတယ်။ နောက်နှစ်မှာလည်း အရင်နှစ်က လျော့ကျခဲ့တဲ့နှုန်းကို ပြန်လည်ဖြည့်တင်းဖို့ရည်ရွယ်ပြီး တပ်သားသစ် ၆၅၀၀၀ စုဆောင်းဖို့ ရည်မှန်းချက်သတ်မှတ်ထားခဲ့ရာမှာ ၅၅၀၀၀ သာ စုဆောင်းနိုင်ခဲ့ပါတယ်။
တပြိုင်တည်းမှာပဲ အမေရိကန်ရေတပ်ကလည်း သတ်မှတ်ထားတဲ့ ရေတပ်သားသစ်စုဆောင်းမှု ၃၈၀၀၀ ကို ပြည့်မီခြင်းမရှိဘဲ ရည်မှန်းချက်ရဲ့ ၈၀% ဖြစ်တဲ့ ၃၀၀၀၀ သာ စုဆောင်းနိုင်ခဲ့ပါတယ်။
တပ်မတော်ထဲဝင်ရောက်လာတဲ့နှုန်းထားလျော့နည်းနေတာကို ကိုင်တွယ်ဆောင်ရွက်ရာမှာ ပထမဦးဆုံး တပ် သားသစ်စုဆောင်းရေး “လုပ်ငန်းတပ်ဖွဲ့” ဖွဲ့စည်းဖို့အတွက် “တပ်သားသစ် စုဆောင်းရေးမဟာဗျူဟာ” ကို အ လုံးစုံပြန်လည်ရေးဆွဲဖို့ အမေရိကန်ကြည်းတပ်က အောက်တိုဘာလက ကြေညာခဲ့ပါတယ်။
Ref: Tech Glitch Contributing to US Military Recruitment Shortfalls: Senator
#PeopleMedia