• Follow Us on

Home နည်းပညာတွေကို အနောက်အုပ်စု လက်ဝါးကြီးအုပ်ထားလို့မရကြောင်း အီရန်သမ္မတရိုင်ဆီပြော

နည်းပညာတွေကို အနောက်အုပ်စု လက်ဝါးကြီးအုပ်ထားလို့မရကြောင်း အီရန်သမ္မတရိုင်ဆီပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၆

 

အနောက်နိုင်ငံတွေဟာ နည်းပညာကို လက်ဝါးကြီးအုပ်ထားလို့မရနိုင်ကြောင်း ဧပြီ ၂၄ ရက်နေ့က သီရိလင်္ကာ နိုင်ငံက ရေအားလျှပ်စစ်စီမံကိန်းကို ဖွင့်လှစ်ပေးစဉ် အီရန်သမ္မတအီဘရာဟမ်ရိုင်ဆီက ပြောကြားလိုက်ပါ တယ်။

 

၂၀၀၈ ခုနှစ်မှာ သမ္မတမိုဟာမက်အာမက်ဒိုင်းဂျက်လာရောက်လည်ပတ်ပြီးကတည်းက ရိုင်ဆီဟာ သီရီလင်္ကာ နိုင်ငံကို ပထမဦးဆုံးရောက်ရှိလာခဲ့တဲ့ အီရန်ခေါင်းဆောင်ဖြစ်ပါတယ်။

 

“အသိပညာနဲ့ နည်းပညာတွေဟာ သူတို့နိုင်ငံတွေအတွက် သီးသန့်ရှိနေတာဖြစ်ကြောင်း အနောက်နိုင်ငံတွေက တခြားနိုင်ငံတွေ အဲဒီလိုမြင်လာအောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအတွေးအခေါ်ဟာ ကိုလိုနီဝါဒနဲ့ ရန် လိုတဲ့ဝါဒက အမြစ်တွယ်လာကြတာဖြစ်ပါတယ်။ အီရန်နိုင်ငံဟာ နိုင်ငံပေါင်း ၂၀ မှာ စီမံချက်တွေဆောင်ရွက် ပေးခြင်းအပါအဝင် မိမိသိရှိထားတဲ့ အသိပညာတွေကို မျှဝေနိုင်ခဲ့ပါတယ်။” လို့ ရိုင်ဆီက ပြောပါတယ်။

 

ဘဒူလာခရိုင်မှာရှိတဲ့ အူမာအိုယာရေအားလျှပ်စစ်စီမံကိန်းကို အီရန်နိုင်ငံရဲ့ နည်းပညာအကူအညီတွေနဲ့ တည် ဆောက်ခဲ့တာဖြစ်ပါတယ်။

 

အီရန်နိုင်ငံ FARAB အင်ဂျင်နီယာအုပ်စုက ၂၀၁၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ပေးခဲ့တဲ့ ဒေါ်လာ ၅၁၄ သန်း တန်ကြေးရှိ အဲဒီစီမံချက်အတွက် အီရန်နိုင်ငံက ကနဦးမှာ ဒေါ်လာ သန်း ၅၀ ထောက်ပံ့ခဲ့ပါတယ်။

 

ဒါပေမဲ့ ၂၀၁၃ ခုနှစ်မှာ အီရန်နိုင်ငံကို နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာကြောင့် အီရန်နိုင်ငံက ဆက်လက်မကူညီနိုင်တော့တဲ့အတွက် သီရိလင်္ကာအစိုးရဟာ အဲဒီစီမံချက်ကို အီရန်ပညာရှင်တွေအကူအညီ ယူပြီး မိမိတို့ကိုယ်ပိုင်ဘတ်ဂျက်နဲ့ ဆက်လက်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

စီမံချက်ကို ၂၀၁၅ ခုနှစ်မှာ အပြီးဆောင်ရွက်ဖို့ ရည်မှန်းထားပေမဲ့ အီရန်ကို နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားမှု၊ နည်းပညာအခက်အခဲနဲ့ COVID-19 ကပ်ရောဂါဘေးတို့ကြောင့် သတ်မှတ်ကာလထက် နှောင့် နှေးကြန့်ကြာခဲ့ရကြောင်း သိရီလင်္ကာအစိုးရက ပြောပါတယ်။

 

ဒီစီမံချက်ဟာ နှစ်စဉ် အမျိုးသားဓာတ်အားလိုင်းကို လျှပ်စစ်ဓာတ်အား ၂၉၀ ဂဂ္ဂါဝပ်ထောက်ပံ့ပေးသွားမှာဖြစ် သလို လယ်ယာမြေအသစ် ၁၁,၁၀၀ ဧက (၄,၅၀၀ ဟက်တာ) နဲ့ လက်ရှိလယ်ယာမြေ ၃,၇၀၀ ဧက (၁,၅၀၀ ဟက်တာ) တို့ကိုလည်း စိုက်ပျိုးရေထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

 

“ကျွန်တော်တို့ ရန်သူတော်တွေက အီရန်နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်သွားမှာ မမြင်ချင်ကြပါဘူး။ ဒါ့ကြောင့် အီရန် ပြည်သူတွေရဲ့ ဆန္ဒနဲ့ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တွေ တကယ်ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ရန်သူ တွေက မကျေမနပ်ဖြစ်နေကြတာပါ။” လို့ ရိုင်ဆီက ပြောပါတယ်။

 

Ref: Iran’s Raisi inaugurates hydropower, irrigation project in Sri Lanka

 

#PeopleMedia


Share this post