• Follow Us on
Latest News

Home နည်းပညာသစ်တွေယူဆောင်ပြီး ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သြစတေးလျ ကုမ္ပဏီနှစ်ခုကို ဆရက်ထာ စည်းရုံးဆွဲဆောင်

နည်းပညာသစ်တွေယူဆောင်ပြီး ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သြစတေးလျ ကုမ္ပဏီနှစ်ခုကို ဆရက်ထာ စည်းရုံးဆွဲဆောင်

Share this post

နိုင်ငံတကာ၊ မတ် ၅

 

ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်ဟာ ထိုင်းနိုင်ငံတွင်းရှိ လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းနဲ့ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သြစတေးလျကုမ္ပဏီနှစ်ခုကို စည်းရုံးဆွဲဆောင်ခဲ့ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

မဲလ်ဘုန်းမြို့မှာကျင်းပတဲ့ ၂၀၂၄ ခုနှစ် အာဆီယံ-သြစတေးလျ အထူးအစည်းအဝေးတက်ရောက်နေစဉ်အတွင်း ဝန်ကြီးချုပ်ဆရက်ထာက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

 

ဆိုလာပြားတွေ၊ ရေအားလျှပ်စစ်စက်ပစ္စည်းတွေနဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Fortescue ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၅ ရက်နေ့) က X လူမှုကွန်ရက်ပေါ်မှာ ဆရက်ထာက ရေးသားခဲ့ပါတယ်။

 

“ဒီကုမ္ပဏီရဲ့ ၂၀၂၃ ခုနှစ် ရောင်းအားဟာ သြစတေးလျဒေါ်လာ ၁၆.၈ ဘီလျံ ဒါမှမဟုတ် ထိုင်းဘတ်ငွေ သန်း ၄၀၀ ဝန်းကျင်ရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဘက်ထရီလုပ်ငန်းနဲ့ဆက်နွယ်တဲ့နည်းပညာတွေ၊ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု တွေနဲ့ ထိုင်းနိုင်ငံရဲ့ အနာဂတ်စွမ်းအင်သန့်စင်မှုလုပ်ငန်းကို မြှင့်တင်ရာမှာ အထောက်အကူပြုနိုင်မယ့် စွမ်းအင် သိုလှောင်ထိန်းသိမ်းရေးလုပ်ငန်းနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံရေး ဆွဲဆောင်ဖို့အတွက် Fortescue ကုမ္ပဏီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံထဲမှာ ဒေသရုံးခွဲတစ်ခုရှိပြီး သယ်ယူပို့ဆောင်ရေးနဲ့ လော်ဂျစ်စတစ် ဦးဆောင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Linfox ကုမ္ပဏီနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။

 

Linfox ကုမ္ပဏီဟာ တစ်ရက်ကို ကုန်တင်ကား ၂၀၀၀ ကျော် ကိုင်တွယ်ထိန်းသိမ်းနေပြီး ယာဉ်မောင်းသူတွေ အတွက် ယာဉ်/လမ်း မတော်တဆမှုတွေလျော့ပါးသက်သာအောင် ဘေးကင်းလုံခြုံမှုအစီအစဉ်တွေကိုဆောင် ရွက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

“ဒီကုမ္ပဏီဟာ ထိုင်းနိုင်ငံအတွက် နည်းပညာအသစ်တွေယူဆောင်လာမယ့်အပြင် အလုပ်အကိုင်အခွင့်အလမ်း သစ်တွေဖန်တီးပေးနိုင်မယ့် ထိုင်းနိုင်ငံတွင်း ယာဉ်လမ်းကြောင်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့တစ်ခု တည်ထောင် ဖို့အတွက် စီစဉ်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်ဆရက်ထာရဲ့ မဲလ်ဘုန်းခရီးစဉ်ဟာ မတ်လ ၆ ရက်နေ့ ညနေပိုင်းမှာပြီးဆုံးမှာဖြစ်ပြီး အဲဒီကတစ်ဆင့် ကမ္ဘာ့အကြီးဆုံးကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပြပွဲဖြစ်တဲ့ ITB Berlin 2024 ပြပွဲကို တက်ရောက်ဖို့အတွက် ဂျာမနီ နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်း သိရပါတယ်။

 

Ref: Srettha attracts 2 Australian firms to bring new tech to Thailand

 

#PeopleMedia


Share this post