နတန်ယာဟုလုပ်ရပ်တွေဟာ အစ္စရေးနိုင်ငံအတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေကြောင်း ဘိုင်ဒန် ပြော
PUBLISHED - March 11, 2024
နိုင်ငံတကာ၊ မတ် ၁၁
လက်ရှိဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲမှာ အရပ်သားတွေ သေဆုံးနေတာကို လျစ်လျူရှုထားတဲ့အတွက် အစ္စရေး ဝန်ကြီးချုပ်ဘင်ဂျမင်နတန်ယာဟုဟာ အစ္စရေးနိုင်ငံကို ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေပြီး ထိခိုက် အောင်လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။
အဲဒီလို ထိခိုက်အောင်လုပ်နေပေမဲ့လည်း အစ္စရေးကို ထောက်ပံ့နေတာတွေကို ရပ်တန့်သွားမှာမဟုတ်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှုကို အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက် ရာမှာ ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းလူမျိုး ၃၀,၉၆၀ သေဆုံးသွားပြီဖြစ်ပြီး ၇၂,၅၂၄ ဒဏ်ရာရရှိခဲ့ ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က လူဦးရေ ၁၁၀၀ ကျော်သေဆုံးပြီး ၂၄၀ ဓားစာခံ အဖြစ် အဖမ်းခံခဲ့ရပါတယ်။
ဂါဇာဒေသမှာ အစ္စရေးတပ်တွေ စစ်ဆင်ရေးဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး စနေနေ့ (မတ်လ ၉ ရက်နေ့) က MSNBC သတင်းဌာနနဲ့ အင်တာဗျူးစဉ် ဂျိုးဘိုင်ဒန်က အစ္စရေးဝန်ကြီးချုပ်ကို နောက်ထပ်တစ်ကြိမ် ထပ်မံဝေဖန် လိုက်တာဖြစ်ပါတယ်။
“သူ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ကိုင်စွဲပြီး အစ္စရေးကို ကာကွယ်ခွင့်ရှိပါတယ်။ ဟားမတ်စ် တွေကိုလည်း ဆက်လက်ချေမှုန်းခွင့်ရှိတယ်။ ဒါပေမဲ့ စစ်ဆင်ရေးနောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဆုံးရှုံးနေ ရတဲ့ အပြစ်မဲ့တဲ့အရပ်သားတွေကို ပိုပြီး ဂရုစိုက်သင့်တယ်။” လို့ ဘိုင်ဒန်က ပြောပါတယ်။
“အဲဒီလို အရပ်သားတွေ သေကြေတာကို ဂရုမစိုက်ဘဲနေတာဟာ အစ္စရေးနိုင်ငံကို ကူညီနေတာထက် ပိုမိုထိ ခိုက်အောင်လုပ်နေတာဖြစ်ပါတယ်။ ဒါဟာ အစ္စရေးနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ ဆန့်ကျင်နေပါတယ်။ တကယ့်ကို မဟာမှားယွင်းမှုကြီးလို့ ကျွန်တော်ထင်တယ်။ ဒါ့ကြောင့် အပစ်အခတ်ရပ်စဲတာကို ကျွန်တော်မြင်ချင်တာပါ။” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ကြားမှာ အကျဉ်းသားတွေလဲလှယ်ရင်း သီတင်းပတ်ခြောက်ပတ်အထိ အပစ်အခတ် ရပ်စဲထားသင့်ကြောင်း၊ တနင်္ဂနွေနေ့ (မတ်လ ၁၀ ရက်နေ့) မှာ စတင်ကျရောက်မယ့် မူဆလင်တွေရဲ့ ရာမဒန် ဥပုသ်လမှာ ဘာတိုက်ပွဲမှ မရှိသင့်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။
ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာဖိအားပေးမှုတွေမြင့်တက်လာတာကြောင့် ဟားမတ်စ်အဖွဲ့ကို အပြီး တိုင်ချေမှုန်းသုတ်သင်မယ်ဆိုတဲ့ အစ္စရေးနိုင်ငံရဲ့ ရည်မှန်းချက်ကို စွန့်လွှတ်မှာမဟုတ်ကြောင်း နတန်ယာ ဟုက ထပ်မံပြောကြားပါတယ်။
Ref: Netanyahu hurting Israel more than helping – Biden
#PeopleMedia