နတ်မောက်နှင့် ကြို့ပင်ကောက်တို့တွင် လက်နက်ကြီးဗုံးသီးကျရောက်မှုနှင့် ပစ်ခတ်ခံရမှုကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ
PUBLISHED - November 5, 2024
နေပြည်တော်၊ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက လက်နက်ကြီးဗုံးသီးကျရောက်မှုနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နတ်မောက်မြို့နယ်၊ ရွာသစ်ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မခိုင်ခင်ဦး (၁၇)နှစ်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ မတောင့်တကျေးရွာနေ ဦးအောင်မင်းထိုက် (၃၅)နှစ်သည် ၎င်း၏နေအိမ်မှ ကြို့ပင်ကောက်မြို့နယ်၊ လိန်ပင်ကွင်းကျေးရွာသို့ သွားရောက်စဉ် လိန်ပင်ကျေးရွာ၏ ရွာလယ်လမ်းအရောက် PDF အမည်ခံ အကြမ်းသမားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia