• Follow Us on

Home နတ်မောက်မြို့တွင် ဆိတ်ဝယ်ရန်သွားသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

နတ်မောက်မြို့တွင် ဆိတ်ဝယ်ရန်သွားသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်ခရိုင်၊ နတ်မောက်မြို့၊ ဒဟတ်ကုန်းကျေးရွာလမ်းခွဲအရောက်တွင် မော် တော်ဆိုင်ကယ်ဖြင့် ဆိတ်ဝယ်ပြီးပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီကျော်တွင် ဖုန်ကုန်းကျေးရွာတွင် နေသည့်အမျိုးသားမှာ စခန်းမကျေးရွာသို့ ဆိတ်ဝယ်ပြီး မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ဒဟတ်ကျေးရွာလမ်းခွဲအရောက်အတွင် PDF များမှ ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

 

သေနတ်ပစ်ခတ်ခံရမူကြောင့်(ဆိတ် ရောင်း/ဝယ်) ပြုလုပ်သူ အသက်(၄၀)နှစ်အရွယ် ဦးဘိုဌေးမှာ ညာဘက် ချိုစောင်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်မျက်လုံးထွက်ဒဏ်ရာ ၁ ချက်၊ အပေါ်ရှေ့သွားကျိုး ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်မျက်ခုံးဘေး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စုစုပေါင်းဒဏ်ရာ ၄ ချက်) ရရှိ၍ ရုပ် အလောင်းကို နတ်မောက်မြို့ပြည်သူ့ဆေးရုံသို့ တာဝန်သိပြည်သူများမှ ပို့ဆောင်ထားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post