နတ်မောက်မြို့တွင် မိဘအိမ်သို့အလည်အပတ်ရောက်ရှိနေသည့် ဆင်ပေါင်ဝဲတရာသူကြီးတစ်ဦးကို PDF များမှ သေနတ်ဖြင့် ပစ်ခတ်
PUBLISHED - February 15, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ ကမ်းပြိုကျေးရွာတွင် မိဘများရှိသည့် နေအိမ်သို့ အလည် အပတ်ရောက်ရှိလာသည့် ဆင်ပေါင်ဝဲတရားသူကြီးတစ်ဦးကို PDF များမှ နေအိမ်သို့လာရောက်ပစ်ခတ်သွား ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီကျော်တွင် PDF များမှ ကမ်းပြိုကျေးရွာရှိ ဦးထွန်းထွန်းနိုင်၏ မိဘအိမ်သို့ ရောက်ရှိလာပြီး ထိုဦးထွန်းထွန်းနိုင်ကို နေအိမ်ရှေ့သို့ ခေါ်ဆောင်ပြီး မိသားစုဝင်များရှေ့တွင် PDF များမှ သေ နတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
ထိုဖြစ်စဉ်ကို လုံခြုံရေးတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သွားရောက်စစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့ နယ် တရားသူကြီး ဦးထွန်းထွန်းနိုင်၏ ဦးခေါင်းညာဘက်ချိုစောင်းမှ ဘယ်ဘက်မျက်လုံးကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက် ခြေသလုံးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက နှင့် နောက်ကျောကျည်ဖောက်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ကြောင်း၊ ရုပ်အလောင်းကို နတ်မောက်မြို့နယ်ပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
Photo – Credit
#Peoplemedia