• Follow Us on
Latest News

Home နတ်မောက်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသည့် အဖွဲ့ကို ထမင်းချက်ကျွေးခဲ့သော အုပ်ချုပ်ရေးမှူးဟောင်းကို စစ်သွေးကြွများက သတ်ဖြတ်

နတ်မောက်မြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူသည့် အဖွဲ့ကို ထမင်းချက်ကျွေးခဲ့သော အုပ်ချုပ်ရေးမှူးဟောင်းကို စစ်သွေးကြွများက သတ်ဖြတ်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဆုံမကျီးပင်ကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူသည့် အဖွဲ့ကို ထမင်းချက် ကျွေးခဲ့သော အုပ်ချုပ်ရေးမှူးဟောင်းကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

အောက်တိုဘာလ (၂၁)ရက် နံနက် (၁၁)နာရီခွဲအချိန်က နတ်မောက်မြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ် အစပ်ရှိ ဆုံမကျီးပင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမင်းဇော်သည် ကျေးရွာနှင့် တစ်မိုင်ခန့်အကွာ နေရာတွင် နွားကျောင်းနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင် နှစ်ဦး ရောက်ရှိလာကာ သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့သည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းဇော်တွင် ရင်ညွန့် ဖောက်ဝင် ဒဏ်ရာ၊ ဝဲနားထင် ဖောက်ဝင်၊ ယာနားထင် ဖောက်ထွက် စသည့်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post