နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်း၏ ဇနီးကို စစ်သွေးကြွတွေ ခေါင်းဖြတ်သတ်
PUBLISHED - September 26, 2024
နေပြည်တော်၊ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးဟောင်း၏ ဇနီးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ခေါင်းဖြတ်ကာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာလ (၂၅)ရက် ညပိုင်းက ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးသာအေး၏ ဇနီး ဒေါ်ခင်စိုးလှကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ခေါင်းဖြတ်ကာ သတ်ဖြတ်လိုက်သည်။
ယင်းသို့ သတ်ဖြတ်ပြီးနောက်ပိုင်းတွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ကျောက်တန်းကျေးရွာအတွင်းသို့ လှည့်လည်ကာ ဆဲဆိုအော်ဟစ်ရမ်းကားသွားကြောင်း ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
စစ်သွေးကြွ PDF အဖွဲ့ဝင်များအနေဖြင့် နတ်မောက်မြို့နယ်အတွင်းရှိ ပန်းညို၊ မြင်းတဲ၊ ဂွေးကုန်း စသည့် ကျေးရွာများတွင် ဒလန်ရှင်းလင်းရေးဟု ခေါင်းစဉ်တပ်ကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေကြောင်း ဒေသခံများက ပြောသည်။
ယင်းအတွက်ကြောင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ ခိုအောင်းနေသည့် နတ်မောက်မြို့နယ် ပန်းညို၊ ကန်သာ၊ ကျောက်ဆည် စသည့်ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
#PeopleMedia