• Follow Us on

Home နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦးကို စစ်သွေးကြွတွေ သတ်ဖြတ်၊ လျော်ချောင်းလေးကျေးရွာမှ ကျောင်းဆရာတစ်ဦးကိုလည်း ဖမ်းဆီးသွား

နတ်မောက်မြို့နယ် ကျောက်တန်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦးကို စစ်သွေးကြွတွေ သတ်ဖြတ်၊ လျော်ချောင်းလေးကျေးရွာမှ ကျောင်းဆရာတစ်ဦးကိုလည်း ဖမ်းဆီးသွား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ကြံ့ခိုင်ရေးပါတီဝင် နှစ်ဦးကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်သွားကြောင်းနှင့် လျော်ချောင်းလေးကျေးရွာမှ ကျောင်းဆရာတစ်ဦးကိုလည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားကြောင်း သိရသည်။

 

အောက်တိုဘာလ (၁၉)ရက် နေ့ခင်း (၂)နာရီအချိန်က ကျောက်တန်းကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်သည့် ဦးတင်ထွန်းနှင့် ဦးကံအောင်တို့သည် ယင်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်စစ်ဒေသ (၉၀၃)တပ်ရင်း၊ ဂဠုန် PDF နတ်မောက်အဖွဲ့မှ ဗိုလ်အောင်ဒင် အဖွဲ့ဝင် (၁၀)ဦးသည်  ကျောက်တန်းကျေးရွာ အရှေ့တောင်ဘက် (၆)မိုင်ခန့်အကွာ ပန်းညိုကျေးရွာ ဘက်မှ ရောက်ရှိလာပြီး ကျောက်တန်းရွာထိပ်တွင် ဆိုင်ကယ်များရပ်ထားကာ  ကျေးရွာ အတွင်းသို့ ဝင်ရောက်လာသည်။

 

ယင်းနောက်တွင် စစ်သွေးကြွ PDF အဖွဲ့ဝင် (၁၀)ဦးသည် ကျောက်တန်ကျေးရွာတွင် နေထိုင်သည့် ဦးတင်ထွန်း (၅၅)နှစ် ၊ ဦးကံအောင် (၆၃)နှစ်တို့၏ နေအိမ်များသို (၅)ဦးစီ လူစုခွဲဝင်ရောက်လာသဖြင့် ဦးတင်ထွန်းနှင့် ဦးကံအောင်တို့သည် ထွက်ပြေးကြစဉ် စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် နောက်မှလိုက်၍ အသင့်ပါသော သေနတ်ဖြင့် ပစ်သဖြင့် ဦးကံအောင်မှာ ကျောက်တန်းကျေးရွာ ရွာလယ်လမ်းမပေါ်တွင် ဦးခေါင်းဘယ်ဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ (၁)ချက် ရရှိကာ သေဆုံးသွားပြီး ဦးတင်ထွန်းသည် ရွာ၏အရှေ့ဘက် ကိုးတောင်ပြည့်စေတီ အနီး အရောက်တွင် နောက်ကျော ကျဉ်ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ (၃)ချက် စသည့် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင်  သေဆုံးသွားခဲ့သည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ (၂၅)ရက်ကလည်း ကျောက်တန်းကျေးရွာ ယခင်အုပ်ချုပ်ရေးမှူးဟောင်းဇနီး ဒေါ်ခင်စိုးလှကိုလည်း ယင်းစစ်သွေးကြွ PDF အဖွဲ့ဝင်များမှ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းကျေးရွာတွင် နေထိုင်သည့် NLD ပါတီ အဖွဲ့ဝင်များစွာအနက် (၄)ဦးသည် ကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလာသည့်အခါတွင် ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခြင်း၊ ကျေးရွာ ကော်မတီမှ မီတာခများ လိုက်လံကောက်ခံသည့်အခါတွင်လည်း ၎င်းတို့ (၄)ဦးမှ ခြိမ်းခြောက် ပြောဆိုခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

 

ယင်းအတွက်ကြောင့် ကျောက်တန်းကျေးရွာမှ NLD ပါတီဝင်များဖြစ်သည့် ဦးရှမ်းပေါ၊ ကိုနိုင်ဝင်း၊ ကိုမြင့်သောင်း၊ ကိုတိုးလေးတို့အား ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

 

ယင်းနောက်တွင် အောက်တိုဘာလ (၁၇)ရက် ည (၈)နာရီအချိန်က နတ်မောက်မြို့နယ်၊ လျော်ချောင်းလေး ကျေးရွာတွင် နေထိုင်သည့် အလယ်တန်းပြ ကျောင်းဆရာ ဦးဝင်းဦးအား စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

 

#PeopleMedia


Share this post