နန်သာဘူရီပြည်နယ်မှာ ဒူးရင်းသီး ကီလီုဂရမ် ၁၀,၀၀၀ အခမဲ့ ဝေငှ
PUBLISHED - May 6, 2024
နိုင်ငံတကာ၊ မေ ၆
ပထမဦးဆုံး ဒူးရင်းသီး လက်လီ/လက်ကား ဖြန့်ဖြူးရေးစင်တာဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ဒူးရင်းသီး အခမဲ့ ကျွေးမွေးပွဲကို ထိုင်းနိုင်ငံ နန်သာဘူရီပြည်နယ်မှာ ကျင်းပခဲ့ရာ စနေနေ့မှာ ဒူးရင်းသီး ၁၀ တန်ကို ထိုင်းနိုင်ငံသား တွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဝေငှခဲ့ကြောင်း ဝေငှခဲ့ကြောင်း The Nation မှာ ဖော်ပြထားပါတယ်။
နန်သာဘူရီပြည်နယ်မှာ ဒူးရင်းသီးကို တစ်နှစ်ပတ်လုံး ရောင်းချသွားမှာဖြစ်ပါတယ်။ ဒူးရင်းသီးရယူဖို့အတွက် စနေနေ့ (မေလ ၄ ရက်နေ့) က မောင်းထောင်းဌာနီခရိုင် ရမ်ဂျိုင်းသစ်သီးဈေးထဲမှာ ထိုင်းနိုင်ငံသားတွေနဲ့ ကမ္ဘာလှည့်ခရီး သွားတွေဟာ စိတ်အားထက်သန်စွာ တန်းစီနေကြပါတယ်။
စုစုပေါင်း ခန့်မှန်း ဘတ်ငွေ ၂ သန်း တန်ကြေးရှိ ဒူးရင်းသီး ကီလိုဂရမ် ၁၀,၀၀၀ အခမဲ့ ဝေငှခဲ့ကြောင်းသိရ ပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒူးရင်းသီးစားပြိုင်ပွဲကိုလည်း ဝင်ရောက်ဆင်နွှဲခဲ့ကြရာ ပြိုင်ပွဲမှာ အမြန်ဆုံးစားနိုင် တဲ့သူကို ဒူးရင်းသီးတစ်ဖာ ဆုချီးမြှင့်ခဲ့ပါတယ်။
ဒူးရင်းသီးအမြန်စားပြိုင်ပွဲမှာ ဆုရခဲ့သူဟာ ဒူးရင်းသီး ၁.၃ ကီလိုဂရမ်ကို အမြန်ဆုံးစားနိုင်ခဲ့ပါတယ်။
မောင်းထောင်းဌာနီမှာ ထိုင်းဖောက်သည်တွေအတွက် ထောက်ပံ့ပေးနိုင်တဲ့ ဈေးဝယ်စင်တာတွေ၊ လူထုစင်တာ တွေ၊ ပညာရေးအင်စတီကျူးရှင်းတွေနဲ့ တက္ကသိုလ်တွေရှိပေမဲ့ အနာဂတ်ရည်မှန်းချက်ဟာ အမျိုးသားသရုပ် လက္ခဏာဖြစ်တဲ့ အစားအသောက်ကို အဓိကထားတဲ့ စီမံချက်အသစ်တွေကို မိတ်ဆက်ခြင်းအားဖြင့် ကမ္ဘာ လှည့် ခရီးသွားတွေစိတ်ဝင်စားတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲဖို့ဖြစ်ကြောင်း ဘန်ကောက် ပြပွဲနဲ့ ကွန်ဗန်းရှင်း စင်တာရဲ့ အမှုဆောင်အရာရှိချုပ် ပေါလ်ကန်ဂျာနာပတ်စ်က ပြောပါတယ်။
နိုင်ငံခြားသားတွေကြားမှာ အထူးသဖြင့် ဒူးရင်းသီးက ထင်ရှားတဲ့အတွက် အစားအသောက်ဟာ ထိုင်းစီးပွား ရေးအတွက် ရောင်းချရေးအခွင့်အလမ်းတွေကို ထိထိရောက်ရောက် ဖန်တီးပေးနိုင်ကြောင်း ၎င်းက ပြောပါ တယ်။
Ref: Nonthaburi centre gives away 10,000kg of durian free to visitors
#PeopleMedia