• Follow Us on
Latest News

Home နန့်ခမ်းမြို့၌ သေနတ်သမားများက ဓါတ်မြေဩဇာရောင်းချသည့်ဆိုင်ကို ဝင်ရောင်ပစ်ခတ်ရာ အရောင်းဝန်ထမ်း တစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံး

နန့်ခမ်းမြို့၌ သေနတ်သမားများက ဓါတ်မြေဩဇာရောင်းချသည့်ဆိုင်ကို ဝင်ရောင်ပစ်ခတ်ရာ အရောင်းဝန်ထမ်း တစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံး

Share this post

ရှမ်း၊ ဒီဇင်ဘာ ၂၈ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ ဒီဇင်ဘာ ၂၇ ရက်နေ့က  ဓာတ်မြေသြဇာဆိုင်ကို အမည်မသိလက် နက်ကိုင်အဖွဲ့၏ လာရောက်ပစ်ခတ်ရာ အရောင်းဝန်ထမ်းတစ်ဦးနှင့် ဈေးဝယ်သူတစ်ဦး သေဆုံးခဲ့သည်။

 

နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ ဓာတ်မြေသြဇာအရောင်းဆိုင်အား ညနေ ၃ နာရီအချိန်ခန့်တွင် Crown အမျိုးအစား မော်တော်ယာဉ်ဖြင့် လာရောက်၍ အရပ်ဝတ်ဖြင့် ပစ္စတိုသေနတ်နှင့် AK 47 ကိုင်ဆောင်ထားသည့် အမျိုးသား ၅ ဦးက ဆိုင်အတွင်းသို့ ဝင်ရောက်၍ ပစ်ခတ်မှုများပြုလုပ်ကာ မောင်းနှင်ထွက်ပြေးခဲ့သည်။

 

“ညနေလောက်ကဖြစ်တာ ဘယ်အဖွဲ့က ပစ်တာလည်းဆိုတာကတော့ မသိဘူး။ အခု အပစ်ခံရတဲ့ ဈေးဆိုင်က ဝန်ထမ်းတစ်ယောက်နဲ့ ဈေးဝယ်သူတစ်ယောက် သေတယ်ပြောတယ်။ အရပ်ဝတ်တွေနဲ့ပဲ လာပစ်သွားတာ” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးကပြောဆိုသည်၊

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့သည် TNLA လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်ခံသည့် နယ်မြေဖြစ် သည်။

 

#PeopleMedia #နမ့်ခမ်း #ပစ်ခတ်မှု

 

(unicode)


……………………………………………………..

 


 


 


 


 


 



Share this post